spot_img

ပေါင်သန်း ၂၀၀ သုံး၍ ဟယ်ရီကိန်းနှင့် ဂွန်ဇာလိုရာမို့စ်နှစ်ဦးစလုံးကို မန်ယူခေါ်မည်

မန်ယူအသင်းသည်လာမည့်နွေရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှူးတစ်ဦးထက်ပို၍ ခေါ်ယူလာနိုင်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုက ဖော်ပြသည်။

တန်းဟက်သည် စပါးအသင်းတိုက်စစ်မှူးကိန်းကို နံပါတ်တစ်ပစ်မှတ်အဖြစ်သတ်မှတ်ထားပြီးကိန်း၏ ပြောင်းရွှေ့ကြေးမှာပေါင်သန်း ၁၀၀ လောက်အထိဖြစ်လာနိုင်သည်။ မန်ယူသည် ကိန်းအပြင် ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှ တိုက်စစ်မှူးဂွာဇာလိုရာမို့စ်ကို ခေါ်ယူရန်လည်းကြိုးစားနေကြောင်း ဗြိတိန်ထုတ် မိုင်ရာသတင်းစာက ဖော်ပြသည်။

myan789

တန်းဟက်က အသက် ၂၁ နှစ်အရွယ်ရှိ ရာမို့စ်သည် မန်ယူအသင်း၏ ကစားကွက်နှင့်အံဝင်မည့်သူတစ်ဦးဖြစ်သည်ဟု ယူဆနေပြီး ၎င်းအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း ၇၀ မှ ၁၀၀ အကြားအသုံးပြုရနိုင်သည်။

မန်ယူသည် ရာမို့စ်သို့မဟုတ် ဟယ်ရီကိန်းကို ခေါ်ယူမည်မဟုတ်ပဲ ၎င်းတို့နှစ်ဦးစလုံးကို ရှေ့တန်းတွင်တွဲသုံးနိုင်ရေးအတွက် ပေါင်သန်း ၂၀၀ ခန့်အကုန်ခံ၍ နှစ်ဦးစလုံးကို ခေါ်ယူသွားမည်ဖြစ်သည်ဟု သတင်းများကဆက်လက်ဖော်ပြသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular