spot_img

ပီအက်စ်ဂျီဟာ ဘာပေမရှိမှပိုတည်ငြိမ်လာတယ်လို့ အွန်နရီ အခိုင်အမာဆို

အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီက ပီအက်စ်ဂျီဟာ ဘာပေမရှိမှ ပိုတည်ငြိမ်လာတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

အင်းနရစ်ရဲ့အသင်းဟာ ချန်ပီယံလိဂ်မှာ ပီအက်စ်ဗွီကိုနောက်ကနေ လိုက်ကစားခဲ့ရပြီး ၁-၁ သရေသာကန်နိုင်ခဲ့ပါတယ်။

myan789

၁-၀ နဲ့အရေးနိမ့်နေပြီးနောက် နောက်ကနေပြန်လိုက်ကစားနိုင်ခဲ့တဲ့ ပီအက်စ်ဂျီဟာ ဂိုးပေါက်ကန်ချက် ၂၆ ကြိမ်အထိ ရှိခဲ့ကာ ဒုတိယပိုင်းအတွင်း ၁၈ ကြိမ်အထိ ရှိခဲ့ပေမယ့် အနိုင်ဂိုးကို မရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါရလဒ်ကြောင့် ပီအက်စ်ဂျီအနေနဲ့ ၁၆ သင်းအဆင့်ကိုတက်ရောက်ချင်တယ်ဆိုရင် အလုပ်ပိုလုပ်ဖို့ လိုအပ်နေပါတယ်။

ပီအက်စ်ဂျီဟာ အဖွင့်ပွဲ ၃ ပွဲကနေ ၄ မှတ်သာရယူနိုင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ပွဲမတိုင်ခင် အဆင့် ၁၇ နေရာမှာ ရပ်တည်နေပါတယ်။

ပြည်တွင်းလိဂ်မှာတော့ ပီအက်စ်ဂျီဟာ ပထမဆုံး ၈ ပွဲမှာ ရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့ပြီး အွန်နရီကလည်း ဘာပေမရှိတာက ပီအက်စ်ဂျီကို ပိုတည်ငြိမ်စေတယ်လို့ ယုံကြည်နေပါတယ်။

Former Arsenal legend Henry insists PSG have become more stable after all.

“သူတို့က အသင်းတစ်သင်းဖြစ်လာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာမပေမရှိတော့မှ ပိုတည်ငြိမ်လာပါတယ်။ အဲ့တာက အရမ်းခက်ခဲပါတယ်။ ဥပမာအားဖြင့် ဒီလိုပွဲမျိုးမှာ ဘာပေသာရှိမယ်ဆိုရင် ၂-၁ ရလဒ်မျိုးပြောင်းလဲနိုင်မှာပါ။

သူက အဲ့လိုမျိုးပြောင်းလဲနိုင်ပါတယ်။ ကံကောင်းမှုဆုံးရှုံးခဲ့ပေမယ့် အသင်းကဟန်ချက်တည်ငြိမ်လာပါတယ်။ ဒါပေမယ့် ရလဒ်တော့မကောင်းပါဘူး”လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။

ဘာပေထွက်ခွာမှုက အင်းနရစ် နဲ့ သူ့ကစားသမားတွေဖိအားလျော့နည်းသွားစေလားဆိုတဲ့ ကာရေဂါရဲ့မေးခွန်းအပေါ် အွန်နရီက “နိုး အတူတူပါပဲ။ ခင်ဗျားအနေနဲ့ ဒီလိုအခြေအနေမျိုးမှာ ဆုံးဖြတ်ချက်ချရပါမယ်။ ပရိသတ် နဲ့ အရာအားလုံးအပေါ်မှာ မူတည်ပါတယ်။

သူတို့က ငယ်ရွယ်တုန်းမှာ သွားဖို့ဆုံးဖြတ်ကြပါတယ်။ ကျွန်တော် ပြင်သစ်မှာရှိတုန်းကလည်း ခေါ်တာတွေရှိပါတယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ ငယ်ရွယ်တုန်းမှာ မသွားသင့်ပါဘူး။

ခင်ဗျားကိုဝန်းရံမယ့်လူတွေလိုအပ်ပါတယ်။ မာကွင်ဟို့စ် နဲ့ ဟာကီမီတို့ဆက်နေခဲ့ပါတယ်။ ဒီလိုကစားသမားမျိုးတွေ လိုအပ်ပါတယ်။ ဒီကစားသမားတွေက ခင်ဗျားကိုပိုကောင်းလာစေပါတယ်။

အဲ့တာက ဘာပေတစ်ယောက်ထွက်ခွာတာ လွယ်ကူတယ်လို့ မဆိုလိုပါဘူး။ ဒီနေ့ညရလဒ်ကို အင်းနရစ်စိတ်ပျက်နေမှာ သေချာပါတယ်”လု့ိ အွန်နရီက ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ဘာပေနဲ့တရားရင်ဆိုင်ရဦးမှာဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့မှာ မာဆေးလ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် နိုဝင်ဘာ ၆ ရက်နေ့မှာ တီကိုနဲ့ချန်ပီယံလိဂ်ပွဲကန်ရမှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular