နည်းပြသစ် ရှာဖွေနေသည့် ချယ်လ်ဆီးအသင်းသည် စပါးနှင့် PSG နည်းပြဟောင်း ပိုချက်တီနိုနှင့် ဆွေးနွေးမှု စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် လက်ရှိအချိန်၌ ကစားသမားဟောင်းနှင့် နည်းပြဟောင်းဖြစ်သူ လမ်းပတ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန် ပေးထားပြီး တရားဝင်နည်းပြသစ် ခန့်အပ်ရန် ရှာဖွေနေခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် နည်းပြရာထူးအတွက် ဘိုင်ယန်မြူးနစ်နည်း ပြဟောင်း နာဂယ်စ်မန်း၊ ရီးယဲလ်နည်းပြဟောင်း ဇီဒန်း၊ စပိန်လက်ရွေးစင်နည်း ပြဟောင်း လူးဝစ်အင်နရီကေး၊ အက်သလက်တီကိုနည်းပြ ဆီမြွန်နီနှင့် ပိုချက်တီနိုတို့အနက် တစ်ဦးဦးကို ရွေးချယ်ဖွယ်ရှိကြောင်းလည်း သတင်းထွက်နေသည်။
ထို့ပြင် ချယ်လ်ဆီးအသင်းသည် ယခုအခါ နည်းပြသစ်ခန့်အပ်မှုကို စနစ်တကျပြုလုပ်လျက်ရှိပြီး တစ်ဦးချင်းတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီးမှ အသင့်တော်ဆုံးဖြစ်မည့်သူကို ရွေးချယ်မည့်သဘောလည်း ရှိနေသည်။
လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်း၏ နည်းပြသစ်ဖြစ်လာရန် နာဂယ်စ်မန်းက ရေပန်းအစားဆုံးဖြစ်နေသော်လည်း ပရီးမီးယားလိဂ်နှင့် အသားကျပြီး သားဖြစ်သည့် ပိုချက်တီနိုလည်း ဖြစ်လာနိုင်ဖွယ်ရှိနေသည်။