မန်စီးတီးအသင်း၏ တောင်ပံကစားသမားဟောင်း ဆင်ကလဲယားက နည်းပြဟောင်း ပိုချက်တီနိုကို ဂွါဒီယိုလာနောက်ပိုင်း မန်စီးတီးအသင်း၏ နည်းပြအဖြစ် မြင်တွေ့ရနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ပိုချက်တီနိုသည် ပြီးခဲ့သည့်ရာသီက PSG အသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့သော်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
သို့သော် ဆင်ကလဲယားက ပိုချက်တီနို၌ မန်စီးတီးအသင်းကို ကိုင်တွယ်ရန် အရည်အသွေးလုံလောက်သည်ဟု ယုံကြည်နေခြင်းဖြစ်သည်။
၎င်းက ”ဒီနှစ်တော့ သူ အသင်းလက်မဲ့အဖြစ် ဖြတ်သန်းသွားမယ်လို့ ထင်ပါတယ်။ ငွေကြေးအတွက်လည်း ပြဿနာမရှိလို့ပါ။ ဂွါဒီယိုလာ မန်စီးတီးက ထွက်ခွာရင်တော့ သူ အသင့်ဖြစ်နေနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။