spot_img

ပရီးမီးယားလိဂ် ပွဲစဉ်-၁၉ ပွဲကြိုသုံးသပ်ချက်

◘ အာဆင်နယ် – နယူးကာဆယ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၄ ရက် နံနက် ၂း၁၅ နာရီ)

ပုံစံကောင်းပြနေတဲ့ အသင်းနှစ်သင်းရဲ့ပွဲဖြစ်တယ်။ ဒီပွဲပြီးရင် စပါး၊ မန်ယူတို့နဲ့ ဆက်ကစားရမယ့် အာဆင်နယ်အတွက် အရေးကြီးတဲ့ ပွဲတစ်ပွဲလည်းဖြစ်တယ်။ နယူးကာဆယ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ လိဒ်စ်ကို ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့ပေမဲ့ အသင်းရဲ့ ခံစစ်၊ တိုက်စစ်၊ ကွင်းလယ် ဘာမှပြောစရာမရှိတဲ့အသင်းမျိုး။ အထူးသဖြင့် Clean Sheet တွေ ဆက်တိုက်ယူနေတာကိုလည်း တွေ့ရတယ်။ အာဆင်နယ်ကတော့ ပွဲတိုင်းလိုလို ဂိုးမြူးနေတာတွေ့ရပြီး အာဆင်နယ်တိုက်စစ်ကို နယူးကာဆယ် ထိန်းချုပ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းတယ်။ အာဆင်နယ်တိုက်စစ်က အကျပ်ထဲကနေ ဖောက်ထွက်နိုင်ပြီး ဖန်တီးနိုင်စွမ်းမြင့်တဲ့ ကွင်းလယ်ကို ပိုင်ဆိုင်ထားတယ်။ တောင်ပံကစားသမားတွေက အမြန်နှုန်းရော၊ တစ်ဦးချင်း ကျွမ်းကျင်မှုရော ပြည့်စုံတယ်။ မလိုအပ်ဘဲ ဘောလုံးကို အကြာကြီးကိုင်မထားဘဲ တိုက်စစ်အားသန်စိတ်အပြည့်ရှိတာကို တွေ့ရတယ်။ နယူးကာဆယ်ကြောင့် အာဆင်နယ် ခက်ခဲဖို့ထက် အာဆင်နယ်ထက် နယူးကာဆယ် ခက်ခဲဖို့က ပိုများနေတဲ့ပွဲဖြစ်တယ်။ လက်ရှိ အနေအထားအရဆိုရင် အာဆင်နယ်ကို ဂိုးမပေးရအောင်တားဆီးဖို့က သိပ်မလွယ်ဘူး။ နှစ်သင်းစလုံး ပုံစံကောင်းပြနေပြီး ရလဒ်ကောင်းတွေ ယူနေကြတယ်ဆိုရင်တောင် အာဆင်နယ်ကို ပိုကြိုက်မိတယ်။

myan789

◘ လက်စတာ – ဖူလ်ဟမ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၄ ရက် နံနက် ၂း၁၅ နာရီ)

ဘရန်ဒန်ရော်ဂျာရဲ့အသင်းက ရလဒ်တွေကောင်းနေရာက နှစ်ပွဲဆက် ရှုံးပွဲတွေ့ခဲ့တယ်။ ဒါပေမဲ့ နယူးကာဆယ်၊ လီဗာပူးလ်တို့လို ဇယားထိပ်ရောက်နေတဲ့အသင်းတွေကို ရှုံးခဲ့တာဖြစ်လို့ အရမ်းအဆိုးကြီးမဟုတ်ဘူး။ ဖူလ်ဟမ်ကလည်း ရလဒ်တွေ ကောင်းနေတဲ့အသင်းပါ။ ဒီပွဲက အရှုံးအနိုင်ပေါ်ဖို့ ခက်လိမ့်မယ်။ သရေကျဖို့များတယ်။

◘ အဲဗာတန် – ဘရိုက်တန် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၄ ရက် နံနက် ၂း၁၅ နာရီ)

အဲဗာတန်က မန်စီးတီးအသင်းဆီက တစ်မှတ်ယူခဲ့တဲ့အတွက် ရှုံးပွဲဆက်မှု ရပ်တန့်သွားတာကို တွေ့ရတယ်။ ဒါပေမဲ့ ခြေစွမ်းကောင်းကောင်းနဲ့ ထိုက်တန်တဲ့ သရေပွဲမဟုတ်ဘဲ ကံကောင်းလို့ သရေကျတာမျိုးပါ။ လမ်းပတ်ရဲ့အသင်းဆီကနေ မျှော်လင့်စရာ ခြေစွမ်း၊ ရလဒ် သိပ်မတွေ့ရဘူး။ ဘရိုက်တန်က အာဆင်နယ်ကို အိမ်ကွင်းမှာ ရှုံးခဲ့လို့ အိမ်ကွင်းရှုံးပွဲ နှစ်ပွဲဆက်သွားခဲ့ပေမဲ့ အဝေးကွင်းမှာလည်း နိုင်ပွဲဆက်နေပြန်တယ်။ ဒီပွဲလည်း ဘရိုက်တန်ကို ကြိုက်တယ်။

◘ မန်ယူ – ဘုန်းမောက် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၄ ရက် နံနက် ၂း၃၀ နာရီ)

မန်ယူအသင်းရဲ့ လက်ရှိ Form အရဆိုရင် ဒီပွဲက အိမ်ကွင်းမှာ အမှားလုပ်မယ့် အနေအထားမဟုတ်ဘူး။ အဆင့်(၄)နေရာအတွက် အဓိက ပြိုင်ဘက်အသင်းအချို့ အမှတ်လျော့စရာ အခြေအနေရှိတဲ့ ဒီတစ်ပတ်ပွဲစဉ်တွေမှာ မန်ယူက

ကိုယ့်အလုပ်ကိုယ်လုပ်ထားဖို့ အစွမ်းကုန် ရုန်းကန်လိမ့်မယ်။ ဘုန်းမောက်က ရလဒ်ေ်တွဆိုးနေပြီး တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းမှာပါ ပြဿနာရှိနေတဲ့အသင်းမျိုးပါ။ မန်ယူအသင်းပဲ အိမ်ကွင်းမှာ ဂိုးပြတ်သွင်းသွားနိုင်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular