spot_img

ပရီးမီးယားလိဂ် ဂိုးပေါက် စတွေ့သွားတဲ့ ဟွိုင်လန်း

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးလေး ရပ်စ်မတ် ဟွိုင်လန်း ဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်ယူနိုက်တက် အတွက် ပထမဆုံး အမှတ်ပေးဂိုးကို သွင်းယူပေး နိုင်ခဲ့ပါတယ် ။ မန်ယူနိုက်တက် ဟာ ဗီလာ ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားပြီး ၃-၂ နဲ့ အနိုင် ရရှိခဲ့တာပါ ။

ဗီလာ ဟာ အခုရာသီမှာ ပုံစံကောင်း ပြသနေတဲ့ အသင်းဖြစ်ပြီး လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ အသင်းပါ ။ မန်ယူနိုက်တက် ကိုလည်း ပထမပိုင်း အပြီးမှာ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် က ဒုတိယပိုင်းမှာ ၂ ဂိုး ပြန်သွင်းပြီး ၃-၂ နဲ့ အနိုင် ကစားသွားခဲ့တာပါ ။

myan789

ယူနိုက်တက် အတွက် ချေပဂိုး ၂ ဂိုးကို တောင်ပံ ကစားသမား ဂါနာချို က သွင်းယူပေးခဲ့တာ ဖြစ်ပြီး အဆုံးသတ် အနိုင်ဂိုး ကိုတော့ ဟွိုင်လန်း က ထောင့်ကန်ဘော ကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဘယ်ခြေနဲ့ ကန်ပြီး သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ် ။ ဟွိုင်လန်း ဟာ ချန်ပီယံလိဂ် မှာ မန်ယူနိုက်တက် အတွက် ၅ ဂိုးအထိ သွင်းပေး နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ဂိုးပေါက် စတွေ့ဖို့ ကိုတော့ ၁၅ ပွဲကြာအောင် စောင့်ဆိုင်း ခဲ့ရပါတယ် ။

“အခု ကျွန်တော် က ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး လူသား ဖြစ်လာခဲ့ပါပြီ ။ ကျွန်တော့ရဲ့ အောင်ပွဲခံပုံကို ကြည့်တာနဲ့ ဒါကို သိနိုင်မှာပါ ။ နောက်ဆုံးအချိန်အထိ ဒီပွဲကို အနိုင် ရရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပြီး ကြိုးစားခဲ့တာပါ ။ ဒီနေ့ပွဲမှာ အသင်းရဲ့ စွမ်းဆောင်ရည် အများအပြားကို မြင်တွေ့ ခဲ့ရပါတယ်”

“ချန်ပီယံလိဂ်မှာ ကျွန်တော် ဂိုးတွေ သွင်းနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ဂိုးပေါက် တွေ့ဖို့ကိုတော့ အချိန် ပေးခဲ့ရပါသေးတယ် ။ အခု ပထမဆုံးဂိုးကို သွင်းနိုင်ခဲ့ပါပြီ ။ နောက်ထပ်လည်း ထပ်သွင်းနိုင်မယ်လို့ မျှော်လင့် မိပါတယ်” လို့ ဟွိုင်လန်း က ပွဲအပြီးမှာ ပြောဆိုသွားခဲ့ ပါတယ် ။

မန်ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ကလည်း ဟွိုင်လန်း ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ရရှိမှုအပေါ် ကျေနပ် ဝမ်းမြောက်ခဲ့ပြီး နောက်ထပ် ဂိုးတွေ ထပ်မြင်ရဖို့ မျှော်လင့်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် နှစ်သစ်ကူး အချိန်မှာတော့ နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular