စပါး နှင့် ဖူလ်ဟမ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
လန်ဒန်မြို့ခံအသင်းနှစ်သင်းရဲ့ပွဲစဉ်ဖြစ်တယ်။ စပါးက အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပြီး မန်စီးတီးနဲ့ အာဆင်နယ်တို့ပွဲကျပ်နေတာကို အခွင့်အရေးယူရမယ်။ စပါးရဲ့လက်ရှိခြေစွမ်းနဲ့ ယုံကြည်မှုက အမြင့်ဆုံးအခြေအနေမှာ ရှိနေပြီး ဖူလ်ဟမ်ကတော့ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်ခဲ့တယ်။ ဒါပေမဲ့ နိုင်ခဲ့တဲ့ နှစ်သင်းစလုံးက အားနည်းတဲ့အသင်းတွေပါ။ ဒီပွဲလည်း စပါး အနိုင်ပြတ်သားမယ်။
အူဒီးနီးစ် နှင့် လက်ချီ (မြန်မာစံတော်ချိန် တနင်္လာည ၁၁းဝ၀ နာရီ)
အူဒီးနီးစ်က လက်ရှိအချိန်အထိ နိုင်ပွဲပျောက်ဆုံးနေဆဲပဲ။ ရလဒ်ပိုင်းကို ကြည့်ရင် လက်ချီက အူဒီးနီးစ်ထက် ပိုကောင်းတဲ့အသင်းလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ နိုင်ပွဲစရဖို့ အားကုန်ထုတ်လာမယ့် အူဒီးနီးစ်ကို ကြိုက်တယ်။
ဖီအိုရင်တီးနား နှင့် အမ်ပိုလီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)
ဖီအိုရင်တီးနားက အထင်ကြီးစရာပုံစံကောင်းတွေ ပြသနေပြီး ဥရောပဝင်ခွင့်ကိုတောင် ပစ်မှတ်ထားနိုင်တဲ့ အခြေအနေကို ရောက်လာတယ်။ အမ်ပိုလီက တည်ငြိမ်မှုကင်းမဲ့နေတဲ့ အသင်းပါ။ ဖီအိုရင်တီးနား အနိုင်သေချာတယ်။
ဗလင်စီယာ နှင့် ကာဒစ်ဇ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
(၄)ပွဲဆက်နိုင်ပွဲပျောက်သွားတဲ့ ဗလင်စီယာတို့ အိမ်ကွင်းမှာ နိုင်ပွဲရအောင် ပိုအားထုတ်လာနိုင်တယ်။ ကာဒစ်ဇ်ကလည်း အဝေးကွင်း ခံစစ်ကစားပုံလျော့နေတဲ့အသင်းဆိုတော့ ဗလင်စီယာ နိုင်ပွဲပြန်ရသွားနိုင်တယ်။ ဗလင်စီယာနဲ့ ဂိုးအများပါပဲ။