spot_img

ပရီးမီးယားလိဂ်သို့ ပြန်လာချင်နေတဲ့ မော်ရင်ဟို

စပယ်ရှယ်ဝမ်းဟာ လက်ရှိမှာတော့ တူရကီကလပ် ဖီနာဘာချီကို နည်းပြနေတာဖြစ်ပေမယ့် လက်ရှိနေရာမှာ မပျော်ရွင်ဘူးဆိုတာ လျှို့ဝှက်ထားခြင်း မရှိပါဘူး။

ဒီနှစ်အစောပိုင်းမှာ အသက် ၆၁ နှစ်ပြည့်ပြီဖြစ်သော်လည်း သူ့ရဲ့အမူအကျင့်တွေက လျော့ပါးသွားခြင်းမရှိဘဲ ဒီရာသီအစောပိုင်းကာလတွေမှာ ပြဿနာဖြစ်စေမယ့် ဖြစ်ရပ်တွေမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

myan789

ပြီးခဲ့တဲ့လတုန်းက ချဲလ်ဆီးနည်းပြဟောင်းဟာ ခွင့်မပြုခဲ့တဲ့ဂိုးဟာ ခွင့်ပြုသင့်ကြောင်းကို ပြသဖို့အတွက် ရုပ်သံတီဗီကင်မာရာရှေ့ကို လက်ပ်တော့ယူကာ ပြသခဲ့တာကြောင့် အဝါကဒ်ပြသခြင်းခံခဲ့ရကာ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ တူရကီဘောလုံးလောကရဲ့အခြေအနေကို ဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။

“နိုင်ငံခြားက ဘယ်သူကမှ တူရကီပွဲတွေကို မကြည့်ချင်ကြပါဘူး၊ နိုင်ငံခြားက ဘယ်သူတွေက ဒီပွဲကိုကြည့်ချင်ကြပါသလဲ။ သူတို့မှာ ပရီးမီးယားလိဂ်၊ ပြင်သစ်လိဂ်၊ ဂျာမန်လိဂ်နဲ့ ပေါ်တူဂီလိဂ် နယ်သာလန်လိဂ်တို့ ရှိကြပါတယ်”

“ဘာလို့ ဒီပွဲတွေကို ကြည့်မှာလဲ ဒါက အရမ်းကို ဆိုးပါတယ်။ သတင်းတွေကလည်း မကောင်းပါဘူး။ ဒါပေမဲ့ ကလပ်နဲ့ပတ်သက်တဲ့အလုပ်က ကျွန်တော်လုပ်ရမယ့် အလုပ်ပါပဲ” လို့ ဒိုင်တွေရဲ့အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်တွေကို မြင်တွေ့ခဲ့ရပြီးနောက် မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

အက်ဒီဟောင်းရဲ့အခြေအနေဟာ စိုးရိမ်းစရာအနေအထားမှာ မဟုတ်နေသော်လည်း Guardian ရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုဟာ သူ့ရဲ့နောက်ထပ် ကလပ်အဖြစ် နယူးကာဆယ်နှင့် စာချုပ်ချုပ်ထားပြီးဖြစ်ပါတယ်။

Jose Mourinho has contacted intermediaries to keep him abreast of any developments at Newcastle.

ရာသီသစ်ရဲ့ ခက်ခဲမှုတွေကို ကျော်ဖြတ်ခဲ့တာကြောင့် အက်ဒီဟောင်းဟာ အင်္ဂလန်နည်းပြဖြစ်လာဖို့ တူချယ်ထက် ရေပန်းစားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်က အာဆင်နယ်ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

“ဒီနှစ်ရဲ့တိုးတက်မှုတွေကို ကျွန်တော်တို့က ကြည့်နေပါတယ်။ ခြေစွမ်းတည်ငြိမ်မှုက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ စိတ်ဝင်စားစရာ တုံ့ပြန်မှုတွေ မဟုတ်ဘဲ ဒီအချက်တွေကသာ ကျွန်တော်တို့အတွက် ဆုံးဖြတ်ပေးသွားမယ်ဆိုတာ သိနေပါတယ်”

“ပွဲကိုအနိုင်ရှိဖို့ လုပ်နိုင်မယ်ဆိုရင် နောက်ပြီး ရလဒ်တွေကို တည်ငြိမ်အောက်ထားနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်က ခက်ခဲပေမယ့် ကျွန်တော်က တကယ်ကို ပြောင်းလဲသွားနိုင်မယ်လို့ ထင်မိပါတယ်” လို့ နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲမတိုင်မီ အက်ဒီဟောင်းက‌ ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မော်ရင်ဟိုက နယူးကာဆယ်ရှိ တိုးတက်မှုမှန်သမျှကို ရင်ဘောင်တန်းထားနိုင်ရန် ကြားခံသူတွေမှတဆင့် ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

နယူးကာဆယ်ဥက္ကဌဟာ မတ်လတုန်းက ဆော်ဒီမှာ မော်ရင်ဟိုနှင့်တွေ့ဆုံခဲ့ပြီး သူတို့နှစ်ဦးကြားမှာ ဆက်သွယ်မှုရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular