spot_img

ပရီးမီးယားလိဂ်ပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်

ချယ်လ်ဆီး – နောဝစ်ချ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် ညနေ ၆:၀၀ နာရီ)
လီဗာပူးလ် ပွဲအရမ်းကျပ်နေပြီး မန်စီးတီးလည်း အဝေးကွင်းမှာ ခက်ခဲတဲ့ပွဲတစ်ပွဲကို ကစားရမယ့်အနေအထားမှာ ချယ်လ်ဆီးက သေချာပေါက် (၃)မှတ်ယူမယ့်ပွဲကို ကစားရမှာဖြစ်တယ်။ ဒါပေမဲ့ (၃)မှတ်ယူရုံလောက်မဟုတ်ဘဲ ဘရန့်ဖို့ဒ်နဲ့ပွဲတုန်းက ခြေစွမ်းပိုင်းအားနည်းခဲ့တာနဲ့ ဂိုးကွာခြားချက်အတွက်ပါ ဂိုးတွေအများကြီးသွင်းနိုင်အောင် ကြိုးစားရမယ့်ပွဲပါ။ (၃-၀)လောက်တော့ ဖြစ်သင့်တယ်။

ခရစ္စတယ်ပဲလေ့စ် – နယူးကာဆယ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် ည ၈:၃၀ နာရီ)
အာဆင်နယ်နဲ့ပွဲမှာ ပဲလေ့စ်ကစားခဲ့တာ ကောင်းပါတယ်။ နောက်ဆုံး (၃)ပွဲမှာ ဘရိုက်တန်၊ လက်စတာ၊ အာဆင်နယ်တို့လို အသင်းကောင်းတွေဆီက တစ်မှတ်စီယူနိုင်ခဲ့တဲ့ ဗီယာရာရဲ့အသင်းက တဖြည်းဖြည်း ပိုမာကျောလာတယ်လို့ ခံစားရတယ်။ နယူးကာဆယ်ကတော့ ဇန်နဝါရီနောက်ပိုင်းမှ စိတ်ဝင်စားဖို့ကောင်းမယ့်အနေအထားပါ။ လက်ရှိအနေအထားအရ ပဲလေ့စ်ပဲ နိုင်ပွဲရသင့်တယ်။

myan789

အဲဗာတန် – ဝက်ဖို့ဒ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် ည ၈:၃၀ နာရီ)
ရာနီရေးရီရဲ့လက်ထက်မှာလည်း ဝက်ဖို့ဒ်က တိုးတက်မလာတဲ့အပြင် အခြေအနေ ပိုဆိုးသွားတာ တွေ့ရတယ်။ ဒါပေမဲ့ တစ်ပွဲပဲရှိသေးသလို၊ ပြိုင်ဘက်ကလည်း ဂိုးမြူးနေတဲ့ ဆာလာနဲ့ လီဗာပူးလ်တို့ ဖြစ်နေတယ်။ ဒီပွဲခြေစွမ်းနဲ့ ရလဒ်ကို အတည်ယူပြီး ရာနီရေးရီကို ဆုံးဖြတ်လို့တော့ မရသေးဘူး။ ဒီပွဲမှာ ဘာလုပ်ပြမလဲဆိုတာကို စောင့်ကြည့်ရမယ်။ အဲဗာတန် နိုင်ဖို့တော့ရှိပါတယ်။ ဂိုးမပြတ်လောက်တော့ဘူးထင်တယ်။

လိဒ်စ် – ဝုလ်ဗ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် ည ၈:၃၀ နာရီ)
လိဒ်စ်ရဲ့ရလဒ်တွေက စိတ်ပျက်စရာပါ။ နောက်ပိုင်းပွဲတွေမှာ ရလဒ်ဆိုးလွန်းလို့ နည်းပြအပြောင်းအလဲဖြစ်သွားတဲ့ ဝက်ဖို့ဒ်တစ်သင်းတည်းကို အနိုင်ရခဲ့တယ်။ ဝုလ်ဗ်က ရာသီအစမှာ အထလေးခဲ့ပေမဲ့ နောက်ပိုင်း (၅)ပွဲမှာ (၄)ပွဲနိုင်ပြီး အကောင်းဆုံး Form ကို ပြန်ရလာခဲ့တယ်။ ဒီပွဲမှာလည်း အကြိတ်အနယ်ကစားရမယ့်ပွဲဆိုပေမဲ့ ဝုလ်ဗ် မရှုံးနိုင် လောက်ဘူးလို့ ထင်တယ်။

ဆောက်သမ်တန် – ဘန်လေ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် ည ၈:၃၀ နာရီ)
ဆောက်သမ်တန်က ဝုလ်ဗ်၊ ချယ်လ်ဆီးတို့ကိုရှုံးခဲ့ပြီးနောက် လိဒ်စ်ကို နောက်ဆုံးပွဲမှာ အနိုင်ကစားခဲ့တယ်။ အသင်းရဲ့တိုက်စစ်ပြဿနာက တကယ်ဆိုးရွားနေပြီး အသင်းလိုက်ကစားပုံနဲ့ ခံစစ်ကတော့ မဆိုးပါဘူး။ ဘန်လေကလည်း ဂိုးရနည်းတဲ့အသင်းမျိုးဖြစ်ပြီး ခံစစ်ပိုင်းကတော့ မာကျောတယ်။ ဒီပွဲက ဂိုးနည်းနိုင်တဲ့ပွဲဖြစ်တယ်။ အိမ်ရှင်အသင်းကို ကြိုက်တယ်။ (၁-၀)လောက်ပဲ ဖြစ်မယ်။

ဘရိုက်တန် – မန်စီးတီး (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၃ ရက် ည ၁၁:၀၀ နာရီ)
အားကောင်းနေတဲ့ ဘရိုက်တန်ကတော့ နောက်ဆုံး (၃)ပွဲဆက် သရေကျခဲ့တာ တွေ့ရတယ်။ တိုက်စစ်ပိုင်းမှာ ပြဿနာပေါ်နေပေမဲ့ ခံစစ်ပိုင်းကလည်း Clean Sheet တွေ ဆက်တိုက်ယူနေတာ တွေ့ရတယ်။ မနှစ်ကလည်း ဘရိုက်တန်က မန်စီးတီးကို အိမ်ကွင်းမှာ ဒုက္ခပေးခဲ့သလို၊ အဝေးကွင်းမှာလည်း အကြိတ်အနယ်ကစားခဲ့တယ်။ ဒီနှစ်မှာလည်း မန်စီးတီးကို အခက်တွေ့စေလိမ့်မယ်လို့ ယူဆရတယ်။ မန်စီးတီးက ဘန်လေကို အနိုင်ယူပြီးနောက်၊ ချန်ပီယံလိဂ်မှာလည်း အဝေးကွင်းမှာ အလွယ်တကူ ဂိုးပြတ်နိုင်ခဲ့တယ်။ အသင်းရဲ့ခြေစွမ်းက အမြင့်ဆုံးအနေအထားမှာ ရှိနေတာကိုတွေ့ရတယ်။ တိုက်စစ် ပြဿနာက အမြဲပေါ်တာမျိုးမဟုတ်ဘဲ တစ်ခါတစ်ရံ အခွင့်အရေးတွေရနေရင်း အသုံးမချနိုင်တာမျိုးဖြစ်တယ်။ ဒါပေမဲ့ ဘရိုက်တန်ဆီကနေ အခွင့်အရေးအများကြီး ရှာဖွေနိုင်မယ်လို့တော့ မထင်ဘူး။ ဒါပေမဲ့ မန်စီးတီးကို ရပ်တန့်ဖို့၊ ဂိုးတွေသွင်းဖို့ဆိုတာလည်း ဘရိုက်တန်အတွက် ခက်ခဲလွန်းပါတယ်။ မန်စီးတီးပဲ ကပ်နိုင်သွားမယ်ထင်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular