ဝက်စ်ဟမ်း – ဝက်ဖို့ဒ် (မြန်မာစံတော်ချိန် ဇူလိုင် ၁၈ ရက်၊ နံနက် ၁:၃၀ နာရီ)
ပေါင်သန်း (၁၂၀)တန်ပွဲလို့တောင် တင်စားကြတယ်။ ဒီပွဲနိုင်တဲ့အသင်းက လာမယ့်ရာသီပရီးမီးယားလိဂ်မှာ ကျန်ခဲ့ဖို့ များပြီး အခြားတစ်ဖက်မှာ ရှုံးတဲ့အသင်းကတော့ ဘုန်းမောက်၊ အက်စတွန်ဗီလာတို့နဲ့အတူ ဆက်လက်တိုက်ပွဲဝင်ရမယ့် အခြေအနေ ဖြစ်သွားမယ်။ လက်ရှိအနေအထားအရ နှစ်သင်းစလုံးက နိုင်ပွဲကို ဦးတည်ကစားမှာဖြစ်ပြီး ခြေစွမ်းပိုင်းအရဆိုရင် ဝက်ဖို့ဒ်အသင်းက ပိုမာကျောတယ်လို့ ပြောလို့ရပေမယ့် ဝက်စ်ဟမ်းက နောက်ပိုင်းပွဲတွေမှာ ပိုကောင်းလာတယ်။ ဝက်စ်ဟမ်းကို ကြိုက်တယ်။