မန်ယူ နှင့် ချယ်လ်ဆီး (ကြာသပတေးည ၁:၁၅ နာရီ)
မန်ယူရဲ့ အဓိကပြဿနာက ယုံကြည်မှုဖြစ်ပြီး အခုချိန်အထိလည်း ပြန်မတည်ဆောက်နိုင်သေးဘူူး။ အာဆင်နယ်နဲ့ပွဲတုန်းက စီရော်နယ်လ်ဒို ဦးဆောင်တဲ့ တိုက်စစ်က အတိုင်းတာတစ်ခုအထိ ပြိုင်ဘက်ကို ဒုက္ခပေးနိုင်ခဲ့ပေမဲ့ ယုံကြည်မှုပိုင်းမှာ သိသိသာသာကျဆင်းနေတာ တွေ့ရတယ်။ ဒါ့အပြင် ခံစစ်ကလည်း တည်ငြိမ်မှုကင်းမဲ့နေပြီး ဒီပွဲလည်း မက်ဂွိုင်းရားပွဲထွက်ခွင့်ရဖို့မရှိသေးဘူး။ ချယ်လ်ဆီးကတော့ ပြီးခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းကို ပူလီဆစ်ရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့တယ်။ လက်ရှိအချိန်မှာလည်း ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုပဲကစားရဖို့ရှိတော့လို့ နည်းပြ တူဟယ်လ်အနေနဲ့ အင်ပြည့်အား ပြည့်ပွဲထွက်လာမှာ သေချာပါတယ်။ တိုက်စစ်မှာ ဗာနာ-ဟာဗက်ဇ် ဂျာမန်တိုက်စစ်အတွဲကို အသုံးပြုလာဖို့များနေပြီး မန်ယူခံစစ်ကိုလည်း ဒုက္ခပေးဦးမှာပါ။ အခုချိန်မှာ ချယ်လ်ဆီးက မန်ယူထက်ပိုကောင်းတဲ့အသင်းဆိုတာ ဘယ်လိုမှ ငြင်းလို့မရဘူး။ ဒါပေမဲ့ မန်ယူရဲ့ တန်ပြန်တိုက်စစ်တွေကိုတော့ စောင့်ကြည့်ရမှာဖြစ်ပြီး ချယ်လ်ဆီးအတွက် ဒီအချက်က ခက်ခဲနိုင်ပါတယ်။ ခြုံငုံသုံးသပ်ရရင် ချယ်လ်ဆီးနိုင်ဖို့များပေမဲ့ သရေလည်း ကျသွားနိုင်တဲ့ပွဲမျိုးပါပဲ။ နှစ်သင်းပေါင်းသွင်းဂိုး များနိုင်တယ်။