ချယ်လ်ဆီး – အာဆင်နယ် (မြန်မာစံတော်ချိန် မေလ ၁၃ ရက် နံနက် ၁:၃၀ နာရီ)
ပထမအကျော့ပွဲတုန်းက ချယ်လ်ဆီးက ပိုကောင်းတဲ့အနေအထားမှာ ရှိပေမဲ့ အာဆင်နယ်က ဂိုးပြတ်အနိုင်ယူခဲ့တယ်။ အခုထိလည်း ခြေစွမ်းအရရော၊ ရပ်တည်မှုအရပါ ချယ်လ်ဆီးက ပိုကောင်းနေတုန်းဖြစ်ပြီး၊ ပထမအကျော့တုန်းကလို အာဆင်နယ် လုပ်နိုင်မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်တယ်။ ဒါပေမဲ့ တူဟယ်လ်လက်ထက် ချယ်လ်ဆီးက ဥရောပထိပ်တန်းအသင်းပုံစံမျိုးဖြစ်လာပြီး၊ အသင်းရဲ့ကစားပုံက တဖြည်းဖြည်း ပိုအားကောင်းလာတယ်။ စနစ်ကျလာတယ်။ အသင်းကြီး တစ်သင်းရဲ့ဟန်မျိုး အပြည့်အဝမြင်ရပြီး၊ ပွဲတစ်ပွဲကို ထိန်းချုပ်ပုံအရမ်းကောင်းလာတယ်။ ခံစစ်မှတ်တမ်းကောင်းတွေကိုလည်း ပိုင်ဆိုင်ထားတယ်။ အာဆင်နယ် ရှုံးပွဲတွေ့ပါလိမ့်မယ်။