လိဒ်စ် – စပါး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် ည ၇:၀၀ နာရီ)
ချယ်လ်ဆီး၊ ဆောက်သမ်တန်၊ ဝုလ်ဗ်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက် စပါးက မန်စီးတီးလိုအသင်းမျိုးကို အဝေးကွင်းမှာ အနိုင်ယူခဲ့တယ်။ လက်ရှိ စပါးအသင်းမှာ အဓိက ကစားသမားပြန်စုံလာပြီး အားကောင်းတဲ့ ပုံစံကို ပြသနေတယ်။ ကူလူဆက်ဗ်စကီးကလည်း စပါးအသင်းအတွက် အကျိုးပြုနိုင်တဲ့ ကစားသမားဖြစ်တယ်။ လိဒ်စ်ယူနိုက်တက်အသင်းက ရလဒ် ပိုင်းကျဆင်းနေပြီး ခံစစ်ပိုင်းကလည်း စိတ်မချရတဲ့အနေအထားပါ။ စပါးအသင်းပဲ နိုင်ပွဲရလိမ့်မယ်။
ဘရန့်ဖို့ဒ် – နယူးကာဆယ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် ည ၉:၃၀ နာရီ)
ရလဒ်တွေ သိသိသာသာတိုးတက်လာတဲ့ နယူးကာဆယ် တဖြည်းဖြည်း Rhythm ပြန်မိလာတယ်လို့လည်း ပြောရမယ်။ ဘရန့်ဖို့ဒ်က ရပ်တည်မှု ပိုသာပေမဲ့ လက်ရှိအခြေအနေမှာ နယူးကာဆယ်က ပိုကောင်းပါတယ်။ ဒါပေမဲ့ ဘရန့်ဖို့ဒ်ကွင်းဖြစ်နေလို့ သရေလောက်နဲ့ ပြီးသွားလိမ့်မယ်။
ဘရိုက်တန် – အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် ည ၉:၃၀ နာရီ)
နှစ်သင်းစလုံးအသင်းကောင်းတွေပါ။ ဒါပေမဲ့ နောက်ဆုံးနှစ်ပွဲစီရှုံးထားကြတယ်။ ဘရိုက်တန်က ပိုမာကျောပြီး အက်စ တွန်ဗီလာကလည်း မထင်မှတ်တာတွေ လုပ်ပြနိုင်တဲ့အသင်းမျိုးဖြစ်တယ်။ ဒီပွဲက သရေပွဲဆီ ဦးတည်နေပြီး သွင်းဂိုးလည်း နည်းလိမ့်မယ်ထင်တယ်။
ခရစ္စတယ်ပဲလေ့စ် – ဘန်လေ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် ည ၉:၃၀ နာရီ)
ဗီယာရာရဲ့ခရစ္စတယ်ပဲလေ့စ်က ကစားပုံမဆိုးပေမဲ့ သရေပွဲနဲ့ ရှုံးပွဲတွေများနေတယ်။ ဘန်လေကတော့ ခြေပြန်တက် လာတဲ့အသင်းဖြစ်ပြီး တိုက်စစ်ပိုင်းကလည်း အလုပ်ဖြစ်လာ တာတွေ့ရတယ်။ ဒါပေမဲ့ ပဲလေ့စ်အိမ်ကွင်းဖြစ်နေလို့ ပဲလေ့စ်ကိုပဲ ကြိုက်ပါတယ်။
မန်ယူ – ဝက်ဖို့ဒ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် ည ၉:၃၀ နာရီ)
ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပေမဲ့ မန်ယူအသင်းရဲ့ ရလဒ်တွေက အရမ်းဆိုးရွားနေတာတော့ မဟုတ်ဘူး။ အဓိက ပြဿနာက စီရော်နယ်လ်ဒို ဂိုးသွင်းနှုန်းနည်းနေခြင်းဖြစ်ပြီး နိုင်ပွဲရရင်မသိသာပေမဲ့ နိုင်ပွဲပျောက်တာနဲ့ ဝေဖန်စရာဖြစ်လာနေတာပဲ။ ဝက်ဖို့ဒ်က နည်းပြသစ်နဲ့အတူ နိုင်ပွဲတော့ စရခဲ့တယ်။ ဒါပေမဲ့ အားရစရာတော့သိပ်မရှိသေးဘူး။ ဒန်းနစ် ဂိုးသွင်းဖို့ပဲ မျှော်နေရတဲ့အသင်းပါ။ ကစားမှာက အိုးလ်ထရက်ဖို့ဒ်မှာဖြစ်ပြီး မန်ယူပဲ နို်င်ပွဲရလိမ့်မယ်။
အဲဗာတန် – မန်စီးတီး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် ည ၁၂:၀၀ နာရီ)
လမ်းပတ်ရဲ့ အဲဗာတန်က အဝေးကွင်းတွေမှာ ရလဒ်ဆိုးပြီး အိမ်ကွင်းမှာတော့ ခြေစွမ်းကောင်း၊ ပုံစံကောင်းကို ပြသနေ ပါတယ်။ ထိပ်တန်းကစားသမားကောင်းတချို့ကို ပိုင်ဆိုင်ထားပြီး မန်စီးတီးကို ဒုက္ခပေးနိုင်တဲ့ အခြေအနေမျိုးလည်းရှိတယ်။ တစ်ဦးချင်းအနေနဲ့ဆိုရင် ရစ်ချာလီဆန်၊ ကယ်လ်ဗတ်လူဝင်တို့ရဲ့ကစားဟန်က မန်စီးတီးခံစစ်ကို အခက်တွေ့စေမယ့် ခံစစ်မျိုးလည်းဖြစ်တယ်။ မန်စီးတီးက စပါးကို ရှုံးလိုက်လို့ လီဗာပူးလ်နဲ့ အမှတ်ကွာဟချက်ကျဉ်းမြောင်းသွားတယ်။ ဒီပွဲက မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲလည်းဖြစ်နေတယ်။ ဒါပေမဲ့ အဲဗာတန်ပုံစံကောင်းပြသနိုင်ပြီး သရေခံကစားသွားနိုင်တယ်။