spot_img

ပရီးမီးယားလိဂ်ပွဲစဉ် (၁၅) ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဟမ်း – ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် ည ၇:၀၀ နာရီ)
လန်ဒန်မြို့ခံနှစ်သင်းရဲ့ပွဲစဉ်က ပရိသတ်တွေအတွက် အကြိုက်တွေ့မယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာလိမ့်မယ်။ ပုံမှန်အားဖြင့် ချယ်လ်ဆီးအသင်းရဲ့ခံစစ်က စိတ်ချရတဲ့ ခံစစ်ကြောင်းအဖြစ် အသိအမှတ်ပြုထားပြီးသားပါ။ ဒါပေမဲ့ ဝက်စ်ဟမ်းအသင်း တိုက်စစ်ပိုင်းမှာ အန်တိုနီယိုရဲ့ကစားပုံက အသင်းကစားကွက်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ပြိုင်ဘက်ခံစစ်ကို ဖရိုဖရဲဖြစ်အောင် လုပ်နိုင်တာကြောင့် ချယ်လ်ဆီးခံစစ်အတွက် အခက်အခဲတော့ရှိတယ်။ ချယ်လ်ဆီးရဲ့ Squad Depth က အရမ်းအားကောင်းနေပြီး ဘယ်ကစားသမားပဲ ဝင်ကစားသည်ဖြစ်စေ နည်းပြရဲ့ System ကို အကောင်အထည်ဖော်နိုင်စွမ်းရှိတယ်။ Shape ရော၊ Pattern ပါ အားကောင်းနေပြီး သွင်းဂိုးတွေလည်း အရလွယ်တာ တွေ့ရတယ်။ ဒီပွဲက အပြန်အလှန်ဂိုးတွေ မြင်ရဖို့ရှိတယ်။ ချယ်လ်ဆီး ပိုအားသာတယ်။ (၁-၂)လောက်ဖြစ်မယ်။

နယူးကာဆယ် – ဘန်လေ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် ည ၉:၃၀ နာရီ)
နယူးကာဆယ်က ရလဒ်ကောင်းတွေနဲ့ ပြန်လာဖို့သင့်နေပြီ။ အသင်းရဲ့လူစာရင်းက အရမ်းအားမနည်းသလို၊ အက်ဒီဟောင်းရဲ့အရည်အသွေးကလည်း အသင်းကို ပြန်ဆွဲတင်ပေးနိုင်မယ်လို့ ယူဆစရာပဲ။ အထူးသဖြင့် အက်ဒီဟောင်း အားသန်တဲ့ တိုက်စစ်အခင်းအကျင်းမျိုးနဲ့ဆိုရင် နယူးကာဆယ် အချိန်တစ်ခုမှာ ပုံစံကောင်းရလာနိုင်ပါတယ်။ ဒီပွဲက နယူး ကာဆယ်အတွက် အိမ်ကွင်းမှာ နိုင်ပွဲရသင့်တဲ့ ပွဲမျိုးဖြစ်တယ်။

myan789

ဆောက်သမ်တန် – ဘရိုက်တန် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် ည ၉:၃၀ နာရီ)
ဆောက်သမ်တန်က အမှတ်ပေးဇယားရဲ့အောက်ပိုင်းကို ရောက်နေတယ်။ အသင်းလိုက်ကစားပုံ မဆိုးသလို၊ နည်းပြကောင်းတစ်ဦး ကိုင်တွယ်နေတဲ့အသင်းဖြစ်လို့ အပေါ်ကို တဖြည်းဖြည်းပြန်တက်လာမယ်လို့ မျှော်လင့်ရတယ်။ ဘရိုက်တန်ကလည်း ရလဒ်ပိုင်း ကျဆင်းလာတာ တွေ့ရတယ်။ ဒါပေမဲ့ အသင်းလိုက်ကစားကွက်ကောင်းပြီး မာကျောတဲ့ ကစားဟန်လည်းရှိတယ်။ ရုပ်ပျက်ဆင်းပျက်ဖြစ်လေ့မရှိဘူး။ ဒီပွဲက သရေကျနိုင်တယ်။

ဝုလ်ဗ် – လီဗာပူးလ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် ည ၉:၃၀ နာရီ)
ဝုလ်ဗ်က ရလဒ်ကောင်းတွေ တောက်လျှောက်ယူခဲ့ပြီးနောက် နောက်ပိုင်းပွဲတွေမှာ အားနည်းတဲ့အရိပ်အယောင်ကို မြင်ရတယ်။ နိုင်သင့်တဲ့ပွဲ မနိုင်တာမျိုးတွေဖြစ်လာတယ်။ လီဗာပူးလ်က ချယ်လ်ဆီး၊ မန်စီးတီးတို့နဲ့အပြိုင် အကောင်းဆုံးပုံစံပြနေပြီး အထူးသဖြင့် နောက်ပိုင်းပွဲတွေမှာ ဂိုးသွင်းအားရော၊ Clean Sheet တွေပါ မြင်လာရတယ်။ ဒီပွဲလည်း လီဗာပူးလ်ပဲ နိုင်လိမ့်မယ်။

ဝက်ဖို့ဒ် – မန်စီးတီး (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၄ ရက် ည ၁၂:၀၀ နာရီ)
ရာနီရေးရီလက်ထက်မှာ ဝက်ဖို့ဒ်က တိုးတက်မှုပြလာတယ်ဆိုပေမဲ့ အရမ်းအားကောင်းတဲ့အသင်းမျိုးတော့ မဟုတ်ဘူး။ မထင်မှတ်တဲ့ နိုင်ပွဲတွေကို မြင်လာရတာရယ်၊ တိုက်စစ်အား သိသိသာသာတက်လာတာရယ် တွေ့ရတယ်။ မန်စီးတီးကတော့ ရှေ့၊ လယ်၊ နောက် အပြစ်ဆိုစရာမရှိတဲ့အသင်းမျိုးဖြစ်ပြီး အကောင်းဆုံးပုံစံကိုလည်း တောက်လျှောက် ပြသနေတယ်။ မန်စီးတီး နိုင်မယ်။ ဂိုးပြတ်နိုင်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular