spot_img

ပရီးမီးယားလိဂ်ပွဲစဉ် (၁၄) ပွဲကြိုသုံးသပ်ချက်

ဝက်ဖို့ဒ် – ချယ်လ်ဆီး (ကြသာပတေးနံနက် ၂း၀၀ နာရီ)
ရာနီရေးရီကလည်း အသင်းဟောင်း ချယ်လ်ဆီးနဲ့ ရင်ဆိုင် ရမှာဖြစ်တယ်။ အသင်းရဲ့ခြေစွမ်းပိုင်းက မဆိုးပါဘူး။ ပြီးတော့ မထင်ရင်မထင်သလို ဂိုးတွေလည်းမြူးတတ်တယ်။ ဒါပေမဲ့ ချယ်လ်ဆီးရဲ့ ခံစစ်တည်ငြိမ်မှု၊ ကျစ်လျစ်မှုနဲ့ ယုံကြည်မှုကို ဝက်ဖို့ဒ် ကျော်ဖို့ခက်ပြီး နေရာစုံကဂိုးသွင်းနိုင်တဲ့ ချယ်လ်ဆီး တိုက်စစ်ကိုလည်း ဝက်ဖို့ဒ် ထိန်းနိုင်မယ်မထင်ဘူး။

ဝက်စ်ဟမ်း – ဘရိုက်တန် (ကြသာပတေးနံနက် ၂း၀၀ နာရီ)
အသင်းကောင်းနှစ်သင်းရဲ့ပွဲပါ။ ဒါပေမဲ့ ဘရိုက်တန်က နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်း သိသိသာသာကျဆင်းလာ တယ်။ ခြေစွမ်းပိုင်းက ကောင်းမွန်နေဆဲဖြစ်ပြီး အသင်းတိုင်းကို မာမာကျောကျောကစားနေရင်း ရလဒ်ဆိုးနေတာပါ။ ဝက်စ်ဟမ်း ကတော့ ဘရိုက်တန်ထက် ခြေစွမ်းရော၊ ရလဒ်ပါ ပိုကောင်း တယ်။ ဝက်စ်ဟမ်း အကြိတ်အနယ်ကစားပြီး နိုင်လိမ့်မယ်။

myan789

ဝုလ်ဗ် – ဘန်လေ (ကြသာပတေးနံနက် ၂း၀၀ နာရီ)
ဝုလ်ဗ်အသင်းက ရာသီအစက ပြဿနာမျိုးစုံရှိခဲ့တယ်။ ခြေစွမ်းပိုင်းအရမ်းကောင်းပြီး အခွင့်အရေးဖန်တီးမှုပေါင်းများ စွာ ပွဲတိုင်းလိုလိုတွေ့ရတယ်။ ဒါပေမဲ့ ရလဒ်ပိုင်း မကောင်းခဲ့ဘူး။ အခုအချိန်မှာတော့ ခြေစွမ်းက ရာသီအစကလောက် မကောင်း ပေမဲ့ ရလဒ်ပိုင်းသိသိသာသာကောင်းမွန်လာတယ်။ ဒီပွဲ ဝုလ်ဗ် ကိုပဲ ကြိုက်တယ်။

ဆောက်သမ်တန် – လက်စတာ (ကြသာပတေးနံနက် ၂း၀၀ နာရီ)
လက်စတာက ဆောက်သမ်တန်ထက်ပိုကောင်းတဲ့အ သင်းဆိုပေမဲ့ ဒီရာသီမှာတော့ ရလဒ်တွေ မတည်မငြိမ်ဖြစ် နေတယ်။ ဆောက်သမ်တန်က ရာသီအစက အမှားများခဲ့ပေမဲ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းတည်ငြိမ်လာတာ တွေ့ရပါ တယ်။ ဆောက်သမ်တန် အိမ်ကွင်းလည်းဖြစ်နေလို့ ဆောက် သမ်တန်ကို ကြိုက်တယ်။

အက်စတွန်ဗီလာ – မန်စီးတီး (ကြသာပတေးနံနက် ၂း၄၅ နာရီ)
ဂျရတ်ရဲ့ အက်စတွန်ဗီလာနည်းပြဘ၀ အစောပိုင်းကာ လတွေက တကယ်ချီးကျူးစရာပါ။ အထူးသဖြင့် ခြေတက်နေ တဲ့ ဗီယာရာရဲ့ ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ အနိုင်က စားပြခဲ့တာ တွေ့ရတယ်။ မန်စီးတီးက ပုံစံကောင်းပြနေတဲ့အ သင်းဖြစ်ပြီး ဥရောပအဆင့်မှာပါ ခြေစွာနေတဲ့အသင်းဖြစ်လို့ ဒီ ပွဲတော့ ဂျရတ် ရှုံးပွဲစတွေ့မယ်ထင်တယ်။

အဲဗာတန် – လီဗာပူးလ် (ကြသာပတေးနံနက် ၂း၄၅ နာရီ)
မာဆေးဆိုက်ဒါဘီ ပွဲစဉ်တွေထဲမှာတော့ အဲဗာတန်ကွင်း မှာ ကစားတဲ့ပွဲစဉ်တွေက ပိုပြင်းထန်ပြီး စိတ်ဝင်စားစရာ ကောင်းတယ်။ လီဗာပူးလ်ကွင်းမှာဆိုရင် လီဗာပူးလ်က အ လွယ်တကူအသာရလေ့ရှိပေမဲ့ အဲဗာတန်ကွင်းမှာတော့ အ ကြိတ်အနယ်ဖြစ်လေ့ရှိပါတယ်။ ဒီပွဲမှာ နောက်ထပ် စိတ်ဝင် စားစရာကောင်းတဲ့အချက်က လီဗာပူးလ်အသင်းကို ချန်ပီယံ လိဂ်ဖလားယူပေးခဲ့ဖူးတဲ့ နာမည်ကြီးနည်းပြ ဘင်နီတက်ဇ်က အဲဗာတန်ကို ကိုယ်စားပြုပေးထားခြင်းဖြစ်ပြီး အဲဗာတန်ရဲ့ ကစားသမားအင်အားကလည်း အိမ်ကွင်းမှာ လီဗာပူးလ်ကို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ လက်ရှိခြေစွမ်းပိုင်းအရ လီဗာ ပူးလ်နဲ့ အရမ်းအဆင့်ကွာနေပြီဆိုပေမဲ့ အိမ်ကွင်းမှာဆိုရင် အရင်ကလည်း လီဗာပူးလ်ကို အဲဗာတန် ဒုက္ခပေးလေ့ရှိသလို၊ ဒီတစ်ကြိမ်လည်း ဒုက္ခပေးဦးမလားဆိုတာကို စောင့်ကြည့်ရ မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular