spot_img

ပရီးမီးယားလိဂ်ပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက်

ဘရန့်ဖို့ဒ် – အဲဗာတန် (တနင်္ဂနွေည ၈း၃၀ နာရီ)
ဘရန့်ဖို့ဒ်ရဲ့ရလဒ်ပိုင်း သိသိသာသာကျဆင်းလာတယ်။ နောက်ပိုင်းပွဲတွေမှာ တောက်လျှောက်ရှုံးပွဲတွေတွေ့နေရပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲမှာမှ သရေပြန်ရတယ်။ အဲဗာတန်ကလည်း ဘရန့်ဖို့ဒ်နဲ့ သိပ်မကွာဘူး။ ရာသီအစ ရလဒ်တွေကောင်းခဲ့သလောက် နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းလည်း မငြိမ်၊ ရလဒ်လည်း မကောင်းဘူးဖြစ်နေတယ်။ ဒီပွဲက နှစ်သင်းစလုံး နိုင်ပွဲယူဖို့ခက်ပြီး သရေကျဖို့များတယ်။

ဘန်လေ – စပါး (တနင်္ဂနွေည ၈း၃၀ နာရီ)
စပါးက ကွန်တီလက်ထက် ပထမဆုံးပွဲမှာ အဲဗာတန်နဲ့ သရေကျခဲ့ပြီး ပြီးခဲ့တဲ့ တစ် ပတ်ကတော့ နိုင်ပွဲစရခဲ့တယ်။ ဒီပွဲက ကွန်တီရဲ့တတိယမြောက် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ် ပြီး အသင်းလိုက်ခြေစွမ်းလည်း တဖြည်းဖြည်းတည်ငြိမ်လာလိမ့်မယ်လို့ ယူဆရတယ်။ ဘန်လေက နောက်ဆုံး (၄)ပွဲဆက်ရှုံးပွဲမရှိပေမဲ့ တန်းဆင်းဇုန်ထဲက အသင်းပါ။ စပါး နိုင်ပွဲယူနိုင်လိမ့်မယ်ထင်တယ်။

myan789

လက်စတာ – ဝက်ဖို့ဒ် (တနင်္ဂနွေည ၈း၃၀ နာရီ)
ဝက်ဖို့ဒ်က မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကို ရာထူးက ထွက်သွားရစေတဲ့ ရလဒ်ကို ပြီးခဲ့တဲ့တစ်ပတ်က ယူနိုင်ခဲ့တယ်။ ရာနီရေးရီလက်ထက်မှာ တိုးတက်မှုတွေ မြင်လာရပြီး နောက်ဆုံး (၄)ပွဲမှာ (၂)ပွဲနိုင်၊ (၂)ပွဲ ရှုံးခဲ့တယ်။ လက်စတာကလည်း ဒီရာသီမှာ အဆင့် (၁၂)အထိ ကျဆင်းနေတာတွေ့ရတယ်။ ပြီးခဲ့တဲ့ရာသီတွေက ခြေစွမ်းမျိုးပြနိုင်ပေမဲ့ တည် ငြိမ်မှုမပြနိုင်ဘူး။ ဟာဗေးဘန်းစ်လည်း ခြေပျက်နေတယ်။ ဒီပွဲတော့ ကပ်နိုင်မှာပါ။

မန်စီးတီး – ဝက်စ်ဟမ်း (တနင်္ဂနွေည ၈း၃၀ နာရီ)
မန်စီးတီးက  အသင်းနဲ့ ပွဲအပြီးမှာ ပရီးမီးယားလိဂ်ရဲ့ ပွဲကျပ်တစ်ပွဲကို ကစားရမှာဖြစ်တယ်။ မန်စီးတီးအသင်းက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၅)ပွဲမှာ တစ်ပွဲပဲရှုံးခဲ့ပြီး ပုံစံကောင်းပြနေတယ်။ ပြိုင်ဘက်တွေကို အလွယ်တကူ အနိုင်ယူခဲ့တာတွေ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာလည်း ပိတ်ဆို့ကစားနေတဲ့ အဲဗာတန်ခံစစ်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့တယ်။ တိုက်စစ်ပိုင်းက လီဗာပူးလ်၊ ချယ်လ်ဆီးတို့လောက် ဂိုးမရပေမဲ့ အခွင့်အရေးဖန်တီးမှုအပိုင်း၊ ကစား ကွက်ထိန်းချုပ်တဲ့အပိုင်းတွေမှာ ပိုပြီးအားကောင်းတာလည်း တွေ့ရတယ်။ ဝက်စ်ဟမ်းကတော့ နောက်ဆုံးပွဲမှာ ဝုလ်ဗ်ကို ရှုံးပွဲ တွေ့ခဲ့ပြီး ကစားတာလည်း သိပ်မကောင်းပါဘူး။ ဒါပေမဲ့ မာကျောတဲ့အသင်းတစ်သင်းဖြစ်သလို၊ တစ်ရာသီလုံးအနေနဲ့ကြည့်ရင် ခြေစွမ်းတည်ငြိမ်တဲ့အသင်းလည်းဖြစ်တယ်။ မန်စီးတီး နိုင်ပွဲရလိမ့်မယ်။ ဒါပေမဲ့ ဂိုးတော့မပြတ်နိုင်ဘူး။

ချယ်လ်ဆီး – မန်ယူ (တနင်္ဂနွေည ၁၁း၀၀ နာရီ)
မန်ယူအသင်းက ယာယီနည်းပြ မိုက်ကယ်ကာရစ်နဲ့ ပထမဆုံးကစားခဲ့တဲ့ပွဲမှာ ဗီလာရီးယဲလ်ကို အနိုင်ရခဲ့တယ်။ ကစားပုံ က သိပ်တော့အားရစရာမရှိဘူး။ ကစားကွက် ခိုင်မာမှုမရှိသေးတာ တွေ့ရတယ်။ ကာရစ်က ဆိုးလ်ရှားလက်ထက်က နေရာမ ပေးခဲ့တဲ့ ဆန်ချို၊ ဗန်ဒယ်ဘိခ်တို့ကို အသင်းလူစာရင်းမှာ ပြန်ထည့်သုံးခဲ့တာတွေ့ရပြီး ဒီပွဲမှာလည်း ဘယ်လိုအပြောင်းအလဲတွေ လုပ်မလဲဆိုတာ စောင့်ကြည့်ရမယ်။ ချယ်လ်ဆီးက ထိပ်တန်းနည်းပြတစ်ဦးနဲ့အတူ ကစားသမား အစုံအလင်မဖြစ်သေးချိန်တွေ မှာတောင် ရလဒ်ကောင်းတွေ ယူနိုင်ခဲ့တယ်။ ဂျူဗင်တပ်စ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အခွင့်အရေးဖန်တီးမှုပေါင်းများစွာ ပြုလုပ် နိုင်ခဲ့တယ်။ အသင်းလိုက်ကစားပုံရော၊ ယုံကြည်မှုပါ မြင့်မားနေတဲ့အပြင် နည်းပြချင်းအရည်အသွေးလည်း ကွာခြားမှုတွေရှိ တယ်။ ချယ်လ်ဆီးပဲ နိုင်ပွဲယူသွားလိမ့်မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular