spot_img

ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက်

မန်ယူ – မန်စီးတီး (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် ည ၇:၀၀ နာရီ)
နှစ်သင်းစလုံးအတွက် အရမ်းအရေးကြီးတဲ့ပွဲပါ။ ဒါဘီပြိုင်ဘက်ဆိုတာတင်မကဘဲ အမှတ်ပေးဇယားမှာ ချယ်လ်ဆီးအသင်းနဲ့ အမှတ်မကွာသွားဖို့အတွက် သရေဆိုရင် ကျေနပ်လို့မရတဲ့ပွဲမျိုးဖြစ်နေတယ်။ မန်ယူက လီဗာပူးလ်ကို ဂိုးပြတ်ရှုံးအပြီး စပါးကို ဂိုးပြတ်ပြန်အနိုင်ယူခဲ့တယ်။ မန်စီးတီးကတော့ ဗီယာရာရဲ့ပဲလေ့စ်ကို မထင်မှတ်ဘဲ (၀-၂)ဆိုတဲ့ရလဒ်နဲ့ ရှုံးထားတယ်။ မန်ယူက မန်စီးတီးကို ဂိုးပြတ်ထပ်ရှုံးရင် ဆိုးလ်ရှားအပေါ် ဖိအားတွေက အမြန်ဆုံးပြန်ရောက်လာမှာဖြစ်ပြီး မန်စီးတီးကလည်း ပဲလေ့စ်နဲ့ပွဲကအရှုံးကို ပြန်တုံ့ပြန်နိုင်ဖို့လိုနေတယ်။ လက်ရှိအနေအထားအရ စီရော်နယ်လ်ဒို ရှိနေခြင်းက မန်ယူအသင်းရဲ့ သွင်းဂိုးပြဿနာအတွက် မပူရပေမဲ့ ခံစစ်ပိုင်းကတော့ ပြဿနာရှိနေတယ်။ မန်စီးတီးတိုက်စစ်ကို ထိန်းနိုင်မယ်မထင်ဘူး။ (၂-၂)လောက်ဖြစ်နိုင်တယ်။

ဘရန့်ဖို့ဒ် – နောဝစ်ချ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် ည ၉:၃၀ နာရီ)
ဘရန့်ဖို့ဒ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘန်လေကို အဝေးကွင်းရှုံးပွဲတွေ့ခဲ့ပြီးတဲ့နောက် ရှုံးပွဲဆက်တာ (၃)ပွဲမြောက်ရှိပြီ။ နောဝစ်ချ်က အခြေအနေပိုဆိုးပြီး (၁၀)ပွဲကစားပြီးချိန်ထိ (၂)မှတ်ပဲရသေးတယ်။ အခုအချိန်မှာ ရလဒ်ပိုင်း တော်တော်လေးကွာနေပေမဲ့ လိဂ်ချန်ပီယံရှစ်မှာ ခြေမကွာတဲ့ ပြိုင်ဘက်တွေဖြစ်ပြီး တစ်သင်းနဲ့တစ်သင်း မစိမ်းကြဘူး။ နောဝစ်ချ် အိမ်ကွင်းလည်းဖြစ်လို့ အမှတ်တော့ သေချာပေါက်ယူလိမ့်မယ်။

myan789

ချယ်လ်ဆီး – ဘန်လေ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် ည ၉:၃၀ နာရီ)
လီဗာပူးလ်ကို (၃)မှတ်၊ မန်စီးတီးနဲ့ ဝက်စ်ဟမ်းကို (၅)မှတ်ဖြတ်ထားတဲ့ ချယ်လ်ဆီး အတွက်တော့ ဒီတစ်ပတ်က တကယ့်အခွင့်အရေးကောင်းပါပဲ။ ဒီပွဲကိုခန့်မှန်းဖို့ နည်းဗျူဟာအမြင်၊ သုံးသပ်ချက်တွေမလိုဘူး။ ရပ်တည်မှု အနီးဆုံး (၄)သင်း ပတ်လည်ဆုံတွေ့နေ ကြတယ်။ ဘန်လေနဲ့ နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲဆက်တိုက် အနည်းဆုံး (၂)ဂိုးနဲ့အထက်သွင်းပြီး နိုင်ခဲ့တယ်။ ဒီပွဲလည်း ချယ်လ်ဆီး လွယ်လွယ်ကူကူနိုင်မယ်။

ခရစ္စတယ်ပဲလေ့စ် – ဝုလ်ဗ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် ည ၉:၃၀ နာရီ)
မန်စီးတီးကို မထင်မှတ်ဘဲ အဝေးကွင်းမှာ အနိုင်ယူခဲ့ပြီးတဲ့နောက် ဗီယာရာရဲ့ ပဲလေ့စ်က အိမ်ကွင်းမှာ ယုံကြည်မှုအပြည့်နဲ့ ကစားနိုင်လိမ့်မယ်။ ဝုလ်ဗ်ကလည်း ရာသီအစက ရလဒ်ဆိုးခဲ့ပေမဲ့ နောက်ပိုင်းပွဲတွေမှာ တောက်လျှောက်ခြေတက်လာတာ တွေ့ရတယ်။ နှစ်သင်းစလုံးအတွက် ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ Consistency ပိုရှိတဲ့ ဝုလ်ဗ်ကို ပိုကြိုက်တယ်။

ဘရိုက်တန် – နယူးကာဆယ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် ည ၁၂:၀၀ နာရီ)
နယူးကာဆယ်က ပိုင်ရှင်သစ်ပြောင်းသွားပေမဲ့ ရလဒ်တွေက ပိုဆိုးလာတယ်။ ဒီအတိုင်းဆိုရင် ပထမဆုံး ဦးစားပေးရည်မှန်းချက်က တန်းမဆင်းရဖို့ အနေအထားဖြစ်လိမ့် မယ်။ ဘရိုက်တန်နဲ့ နယူးကာဆယ်က ရပ်တည်မှုတင်ကွာတာမဟုတ်ဘဲ စုစည်းမှု၊ ကျစ်လျစ်မှု၊ အသင်းတစ်သင်းပုံစံ ပေါ်လွင်မှုတွေပါကွာတယ်။ ဘရိုက်တန် အိမ်ကွင်းလည်းဖြစ်နေလို့ နိုင်ပွဲလွယ်လွယ်ယူလိမ့်မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular