spot_img

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် နှင့် ဘန်လေ (တနင်္ဂနွေည ၈:၃၀ နာရီ)
အာဆင်နယ်အသင်းက မန်စီးတီးနဲ့ နော်တင်ဟမ်ဖောရက်စ်တို့ကို ရှုံးခဲ့ပြီးကတည်းက ပွဲတွေတော်တော်လေးနားထားရတယ်။ ဘန်လေအသင်းရဲ့ လက်ရှိခြေစွမ်းက ကျဆင်းနေပြီး ရလဒ်ပိုင်းလည်း မကောင်းဘူး။ အာဆင်နယ်အသင်းကို အီမရိတ်စ်မှာ ယှဉ်ကစားဖို့ မဖြစ်နိုင်ပါဘူး။ အာဆင်နယ်မှာ ဒဏ်ရာပြဿနာနဲ့ ကိုဗစ်နာလန်ထစ ပြဿနာတွေ ရှိပေမဲ့ ဒီပွဲကို လွယ်လွယ်ကူကူအနိုင်ကစားပါလိမ့်မယ်။

ခရစ္စတယ်ပဲလေ့စ် နှင့် လီဗာပူးလ် (တနင်္ဂနွေည ၈:၃၀ နာရီ)
လီဗာပူးလ်က မန်စီးတီးကို အမီလိုက်ဖို့ ကြိုးစားနေတဲ့အသင်းဖြစ်ပြီး လက်ရှိအချိန်မှာ ကစားသမားအင်အားပိုင်းမှာတော့ ပြဿနာရှိတယ်။ ဆာလာ၊ မာနေတို့ မကစားနိုင်ခဲ့တဲ့ ပထမဆုံးပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ ချိန်ဘာလိန်၊ မီနာမီနိုတို့က ရေရှည်အားကိုး ရပါ့မလားဆိုတာ စဉ်းစားစရာရှိတယ်။ ပဲလေ့စ် အားနည်းနေချိန်ဖြစ်လို့ လီဗာပူးလ် နိုင်ပွဲယူနိုင်ပါတယ်။ ဂိုးတော့ပြတ်မယ်မထင်ဘူး။

myan789

လက်စတာ နှင့် ဘရိုက်တန် (တနင်္ဂနွေည ၈:၃၀ နာရီ)
လက်စတာက ပိုအားကောင်းတဲ့အသင်းဆိုပေမဲ့ လက်ရှိအနေအထားမှာတော့ ဘရိုက်တန်နဲ့ ခြေသိပ်မကွာဘူး။ ဘရိုက်တန်က ချယ်လ်ဆီးနဲ့ နှစ်ပွဲအပါအဝင် နောက်ပိုင်းကစားခဲ့တဲ့ပွဲတွေမှာ ရှုံးပွဲမရှိကစားနိုင်ခဲ့တယ်။ ခံစစ်ပိုင်းမာကျောသလို၊ တိုက်စစ်ကလည်း အားကောင်းနေတာ တွေ့ရတယ်။ လက်စတာကွင်းမှာလည်း ယှဉ်ကစားနိုင်တဲ့အနေအထားဖြစ်ပြီး သရေကျသွားနိုင်တယ်။

ချယ်လ်ဆီး နှင့် စပါး (တနင်္ဂနွေည ၁၁:၀၀ နာရီ)
ချယ်လ်ဆီးရဲ့ရလဒ်တွေက စိတ်ပျက်စရာဖြစ်ပြီး ရာသီအစမှာ ရလဒ်တွေကောင်းခဲ့တာနဲ့ အောက်ပိုင်းက ပြိုင်ဘက်အသင်းတွေကိုယ်တိုင်လည်း ခြေသိပ်မမှန်တာကြောင့်သာ ဒီအဆင့်မှာ ရပ်တည်နေခြင်းဖြစ်တယ်။ တူဟယ်လ်က အသင်းကို ကျနေတဲ့အချိန်မှာရောက်လာပြီး ဆွဲတင်ပေးနိုင်ခဲ့တယ်။ သူကိုယ်တိုင်နဲ့အတူ ဖိအားဝင်တဲ့အခြေအနေကတော့ အခုမှ ပထမဆုံးအချိန်ကြုံတွေ့ရတာဖြစ်ပြီး အသင်းကို ဘယ်လိုပြန်တည့်မတ်ပေးမလဲဆိုတာကို စောင့်ကြည့်ရမယ်။ စပါးကိုတော့ ပြီးခဲ့တဲ့ လိဂ်ဖလားဆီမီးဖိုင်နယ်မှာ နှစ်ကျော့စလုံး အနိုင်ကစားထားလို့ စိတ်ပိုင်းဆိုင်ရာအရ အသာစီးမှာရှိနေလိမ့်မယ်။ ကွန်တီရဲ့အသင်းက ပရီးမီးယားလိဂ်မှာတော့ ပိုကောင်းတဲ့ပုံစံပြနေပြီး အခုအချိန်အထိ ရှုံးပွဲမရှိသေးတာလည်း တွေ့ရတယ်။ ချယ်လ်ဆီး (၃)ပွဲဆက်တော့ မနိုင်လောက်ဘူး။ သရေကျသွားနိုင်တဲ့ပွဲပါပဲ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular