လက်စတာ – စပါး (ကြာသပတေးနံနက် ၂း၀၀ နာရီ)
လက်စတာအသင်းက အားနည်းချက်တွေရှိတယ်။ ရလဒ် ပိုင်း အနည်းငယ်ကျဆင်းနေပြီး ခြေစွမ်းကလည်း အရင်လိုအ နေအထားတော့မဟုတ်ဘူး။ စပါးက အားကောင်းတဲ့ အသင်း တစ်သင်းဖြစ်လာပြီး တိုက်စစ်ပိုင်းကတော့ ပြဿနာရှိတယ်။ အသင်းလိုက်မာကျောမှုနဲ့ ခံစစ်ပိုင်းကစားပုံမှာ စပါးက ပိုသာ တယ်။ စပါး မရှုံးလောက်ဘူးလို့ထင်တယ်။
ဘရန့်ဖို့ဒ် – မန်ယူ (ကြာသပတေးနံနက် ၂း၃၀ နာရီ)
မန်ယူအသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အက်စတွန် ဗီလာကို နှစ်ဂိုးရပြီးမှ သရေပြန်ကျခဲ့တယ်။ ရသင့်တဲ့ (၃)မှတ် ကိုလွှင့်ပစ်ခဲ့ရတာဖြစ်ပြီး ခြေစွမ်းပိုင်းကလည်း တည်ငြိမ်မှုမရှိ တာတွေ့ရတယ်။ ဘရန့်ဖို့ဒ်အသင်းကတော့ နောက်ပိုင်းပွဲတွေ မှာ ရှုံးပွဲတွေပြန်များလာတယ်။ ခြေစွမ်းပိုင်းမဆိုးပေမဲ့ ဆောက် သမ်တန်ကို ရှုံးခဲ့တဲ့ပွဲကခြေစွမ်းက တော်တော်လေးစိတ်ပျက် စရာကောင်းတယ်။ အရင်လိုမာကျောတဲ့ပုံစံမျိုးလည်း သိပ်မ တွေ့ရဘူး။ မန်ယူ နိုင်ပွဲပြန်ရပါလိမ့်မယ်။