spot_img

ပရီးမီးယားလိဂ်ပြိုင်ဘက်တွေထံကနေ စိတ်ဝင်စားမှုကို ရရှိထားကြောင်း ပြောကြားလိုက်တဲ့ ယူနိုက်တက်စတားရဲ့အေးဂျင့်

ဘရင်ဒါဟာ အိုနာနာရဲ့ အရန်အဖြစ် ကစားပေးဖို့အတွက် ၂၀၂၃ ခုနှစ် နွေရာသီမှာ ဖီနာဘာချီကနေ အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။
သို့သော် နံပါတ် ၂ ဂိုးသမားတစ်ဦးအဖြစ် တူရကီလက်ရွေးစင်ဟာ ယနေ့အထိ ၄ ပွဲသာကစားခဲ့ရပြီး တန်ဟက်ဟာ ဂိုးသမားအပေါ် ယုံကြည်မှုအားနည်းနေပုံရခဲ့ပါတယ်။

ပြီးခဲ့တဲ့လက တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလားမှာ ထိတ်လန့်စရာကောင်းတဲ့ စွမ်းဆောင်ရည်ကြောင့် ယူနိုက်တက်မှာ သူ့ရဲ့အနာဂတ်ဟာ သံသယဖြစ်စရာဖြစ်လာခဲ့ပြီး ထောင့်ကန်ဘောကနေ တိုက်ရိုက်တစ်ဂိုးအပါအဝင် လေးဂိုးအထိ သွင်းခံခဲ့ရတာဖြစ်ပါတယ်။
ဘရင်ဒါ နှင့် အိုနာနာတို့နှစ်ဦးစလုံးကို အမ်မိုရင်က ဖယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေပြီး လိဒ်ရဲ့ ဂိုးသမားဖြစ်သူ မက်စ်လီယာနှင့် အစားထိုးရန် ဖြစ်နိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။

myan789

ယခုအခါတွင် ဘရင်ဒါရဲ့ အေးဂျင့် ဆီဇာဆီရက်က အသက် ၂၆ နှစ်အရွယ်ကစားသမား၏အနာဂတ်နှင့် ပတ်သက်ပြီး အပြောင်းအရွှေ့အတွက် စိတ်ဝင်စားမှုရှိကြောင်း အတည်ပြုပြောကြားခဲ့သော်လည်း မကြာမီအချိန်အတွင်း အိုးထရက်ဖို့ဒ်မှထွက်ခွာမှာမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ရာသီအစမှာ ဥရောပကလပ်များစွာနှင့် ပရီးမီးယားလိဂ်ကနေ ဘီရင်ဒါအတွက် ကမ်းလှမ်းမှုများရှိခဲ့ပါတယ်”
“လက်ရှိမှာ စိတ်ဝင်စားနေတဲ့ အသင်းတွေရှိပေမယ့် သူကတော့ ယူနိုက်တက်မှာ ဆက်နေချင်နေပါတယ်”
“ကလပ်က သူ့ကို လက်လွှတ်မပေးချင်ဘူးဆိုတာ သေချာပါတယ်” လို့ ဂိုးသမားရဲ့အေးဂျင့်က Sports Digitale သို့ပြောကြားခဲ့ပါတယ်။

ဘရင်ဒါဟာ ဇန်နဝါရီ ၁၂ ရက် အာဆင်နယ်နှင့် ကစားမယ့် အက်ဖ်အေဖလား တတိယအကျော့ပွဲစဉ်မှာ ပါဝင်မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
တော့တင်ဟမ်အားရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခဲ့ရပြီးနောက် ထောင့်ကန်ဘောမှ တိုက်ရိုက်ဂိုးပေးခဲ့ရတဲ့အပေါ် ဘီရင်ဒါက တောင်းပန်ခဲ့သလားလို့ အမ်မိုရင်ကို သတင်းထောက်တွေက မေးခဲ့ပါတယ်
နည်းပြချုပ်ကတော့ အသင်းရဲ့ကြယ်ပွင့်ကို ကာကွယ်ပြောဆိုခဲ့ပြီး “မဟုတ်ပါဘူး သူဒီလိုလုပ်ဖို့မလိုပါဘူး”

“သူ့အနေနဲ့ ပွဲကိုသာအာရုံစိုက်ရပါမယ်။ ဒီပွဲကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီး အသင်းရဲ့ ကစားသမားတိုင်းကို တိုးတက်အောင်လုပ်ရမှာပါ”
“ကျွန်တော်တို့က နိုင် အတူတူ ရှုံး အတူတူပါ။ ဒါဟာ တစ်ဦးချင်း မဟုတ်ပါဘူး။ အသင်းလိုက်ပါ” လို့ နည်းပြက ပြောခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular