လက်စတာ နှင့် အဲဗာတန် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
နှစ်သင်းစလုံးအတွက် တော်တော်လေး အရေးကြီးပါတယ်။ လက်ရှိခြေစွမ်းကို ကြည့်ရင်လည်း သိပ်ကွာခြားတာမဟုတ်ဘူး။ ဒါပေမဲ့ အဲဗာတန်က လက်စတာထက်ပိုဆိုးတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ဆိုရမယ်။ ကစားပုံကလည်း လက်စတာထက်အားနည်းချက်တွေပိုများတယ်။ ပြီးတော့ အဝေးကွင်းဆိုရင် အဲဗာတန်အသင်း ဖရိုဖရဲ ဖြစ်သွားတတ်တယ်။ လက်စတာအနည်းဆုံး သရေရမယ်။
မာယော့ကာ နှင့် ဘီလ်ဘာအို (မြန်မာစံတော်ချိန် တနင်္လာည ၁၁း၃၀ နာရီ)
အစဉ်အလာတွေအရ မာယော့ကာကွင်းရောက်ရင် ဘီလ်ဘာအိုအနိုင်ရဖို့ခက်နေတတ်တာတွေ့ရတယ်။ ဘီလ်ဘာအိုခြေမှန်ပေမဲ့ မာယော့ကာရဲ့ အိမ်ကွင်းကစားပုံကြောင့် အနိုင်ရဖို့ ခက်နေဦးမယ်ထင်တယ်။ ဂိုးနည်းသရေပွဲဖြစ်ဖို့များနေတယ်။
ဆီဗီလာ နှင့် ဟီရိုနာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
ကွင်းမရွေးခြေစွာလာနေတဲ့ ဆီဗီလာရဲ့ ကစားအားကို ဟီရိုနာတို့ တားဆီးဖို့မဖြစ်နိုင်ပါဘူး။ ယူရိုပါလိဂ်တစ်ဖက်နဲ့ ဆီဗီလာတို့ ဖိအားများနေနိုင်ပေမယ့် အိမ်ကွင်းမှာတော့ အမှားအယွင်းမရှိအောင် ကစားဦးမှာပါ။ ဟီရိုနာရဲ့ အဝေးကွင်းကစားပုံ ပုံမှန်မရှိသေးပုံအရတော့ ဆီဗီလာနဲ့ ဂိုးအနည်းပဲရွေးထားချင်တယ်။