အာဆင်နယ် – မန်စီးတီး (ကြာသပတေးနံနက် ၂း၀၀ နာရီ)
အာဆင်နယ်အသင်းက အမှတ်အလိုအပ်ဆုံးအချိန်တွေမှာ အဲဗာတန်၊ ဘရန့်ဖို့ဒ်တို့လိုအသင်းတွေကို အမှတ်လျော့ခဲ့ တာ စိုးရိမ်စရာဖြစ်သွားတယ်။ ဒီပွဲက အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ဒီပွဲမှာသာ မန်စီးတီးနိုင်ပွဲရခဲ့ရင် အာဆင်နယ်ရဲ့ဖိအားက ပိုကြီးမားသွားနိုင်ပြီး နောက်လာမယ့် ပွဲတွေအတွက်ပါ အမှားတွေပါလာနိုင်ခြေရှိတယ်။ မန်စီးတီးက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အိမ်ကွင်းမှာ အက်စတွန်ဗီလာကို ဂိုးပြတ်သွင်းခဲ့ပြီး အာဆင်နယ်နဲ့ အမှတ်ကွာဟချက်ကို လျှော့ချနိုင်ခဲ့တယ်။ ဒီပွဲသာ ထပ်နိုင် ရင် အမှတ်ကွာဟချက်ပိုမိုကျဉ်းမြောင်းသွားနိုင်သလို အာဆင်နယ်မှားနိုင်တဲ့ခြေလှမ်းတွေကို ခင်းပေးလိုက်တာဆိုတာကို သူ တို့သိမယ်။ မန်စီးတီးကို ကြိုက်တယ်။

ရီးယဲလ်မက်ဒရစ် – အယ်လ်ချီ (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်အသင်းက လာလီဂါနောက်ဆုံး(၉)ပွဲ မှာ ရနိုင်ခြေရှိတဲ့ ရမှတ်(၂၇)မှတ်ကနေ (၁၄)မှတ်သာရပြီး (၁၃)မှတ်အထိ ဆုံးရှုံးခဲ့တယ်။ ရမှတ်(၅၀)ရာခိုင်နှုန်းဝန်းကျင် လက်လွှတ်လိုက်ရလို့ အမှတ်ပေးဇယားမှာလည်း ဘာစီလိုနာ နဲ့ အမှတ်ပြတ်သွားခဲ့တယ်။ ရီးယဲလ်အနေနဲ့ အယ်လ်ချီ၊ အိုဆာ ဆူနာတို့နဲ့ လာလီဂါ(၂)ပွဲဆက် ကစားပြီးရင် ပွဲကျပ်တွေလာ ပြီဖြစ်လို့ ဒီပွဲတွေက ယုံကြည်မှုမြင့်မားစေဖို့အတွက် ရလဒ် ကောင်းဖို့ပါ အရေးပါလာတယ်။ အယ်လ်ချီအသင်း နိုင်ပွဲပြန် တွေ့ထားပေမဲ့ လက်ရှိပုံစံနဲ့ တန်းဆင်းဇုန်ကလွတ်ဖို့ လမ်းမ မြင်ဘူး။ ရီးယဲလ်ပဲကြိုက်တယ်။
