spot_img

ပရီးမီးယားလိဂ်နှင့် ရုပ်သံကုမ္ပဏီများ၏ အကျိုးစီးပွားက ကစားသမားများထက် ပိုအရေးကြီးဟု ဂွါဒီယိုလာ ဝေဖန်

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ COVID-19 ဗိုင်းရပ်စ်ကူးစက် ပြန်လည်မြင့်နေချိန်တွင် ပွဲဆက်ကစားရန် ဆုံးဖြတ်ခဲ့သည့် တာဝန်ရှိသူများကို ဝေဖန်ခဲ့ပြီး ပရီးမီးယားလိဂ်နှင့် ရုပ်သံကုမ္ပဏီများ၏ အကျိုးစီးပွားက ကစားသမားများထက် ပိုအရေးကြီးနေကြောင်း ပြောကြားခဲ့သည်။

COVID-19 ရောဂါဖြစ်ပွားမှု မြင့်တက်နေသော်လည်း Boxing Day အပါအဝင် နှစ်သစ်ကူးပွဲစဉ်များကို ရွှေ့ဆိုင်းရန် တောင်းဆိုမှုများ ရှိခဲ့သော်လည်း ပရီးမီးယားလိဂ်အာဏာပိုင်များက ဆုံးဖြတ်ခဲ့သည်။

myan789

ထို့ကြောင့် ဂွါဒီယိုလာက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) အပါအဝင် ပရီးမီးယားလိဂ်နှင့် ရုပ်သံကုမ္ပဏီများ၏ အကျိုးစီးပွားက ကစားသမားများထက် ပိုအရေးကြီးကြောင်း ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

“FIFA၊ ပရီးမီးယား လိဂ်နဲ့ ရုပ်သံကုမ္ပဏီတွေအတွက် သူတို့ရဲ့ကောင်းကျိုးခံစားမှုထက် စီးပွားရေးက ပိုအရေးကြီးပါတယ်။ အရိုးရှင်းဆုံး ဥပမာပြောရရင် ကမ္ဘာတစ်ဝန်းလုံးမှာ လူစားလဲမှုငါးဦး ခွင့်ပြုထားပေမဲ့ ဒီမှာတော့ သုံးဦးပဲရပါသေးတယ်။ အဲဒီကိစ္စတစ်ခုထက်ပိုပြီး ကစားသမားတွေရဲ့ အကျိုးစီးပွားကို အလေးထားတဲ့ ငြင်း ခုန်စရာတစ်ခုလောက်ရှိရင် ကျွန်တော့်ကို ပြောပါ။ ဒါပေမဲ့ ဒီအဖွဲ့အစည်းတွေက ကစားသမားတွေရဲ့ ကောင်းကျိုးအတွက် ကိုယ်စားပြုမယ့် ဆုံးဖြတ်ချက်တွေ ချရမယ့်အစား ပရီးမီးယားလိဂ်နဲ့ ရုပ်သံကုမ္ပဏီတွေအတွက်ပဲ ဆုံးဖြတ်နေကြပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဂွါဒီယိုလာက ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးကာလအတွင်း ကစားမည့်ပွဲစဉ်များကို ရွှေ့ဆိုင်းရန်အတွက် ကစားသမားများ ဆန္ဒပြတောင်းဆိုလာနိုင်ကြောင်းနှင့် ယင်းသို့ဖြစ်လာပါက မိမိအနေဖြင့် အားပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular