ဘရန့်ဖို့ဒ် နှင့် လီဗာပူးလ် (မြန်မာစံတော်ချိန် တနင်္လာည ၁၂းဝ၀ နာရီ)
လီဗာပူးလ်အသင်းက အဝေးကွင်းနောက်ဆုံး(၂)ပွဲမှာ စပါး၊ အက်စတွန်ဗီလာအသင်းတွေကို အနိုင်ကစားခဲ့တယ်။ အဲဒီမတိုင်မီ အဝေးကွင်း(၅)ပွဲဆက် နိုင်ပွဲပျောက်ထားပြီးမှ နိုင်ပွဲပြန်ရလာတာ တွေ့ရတယ်။ ဘရန့်ဖို့ဒ်အသင်းကတော့ လတ်တလောခြေစွမ်းက အထင်ကြီးစရာကောင်းပါတယ်။ မန်စီးတီးအသင်းကို ရှုံးပွဲတွေ့စေပြီး စပါးအသင်းကိုလည်း သရေခံကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ လီဗာပူးလ် ခြေပြန်မှန်လာလို့ ဘရန့်ဖို့ဒ် အမှတ်မရလောက်ဘူး။
စထရာဘိုး နှင့် ထရွိုင်စ် (မြန်မာစံတော်ချိန် တနင်္လာည ၈း၃၀ နာရီ)
တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ စထရာဘိုးတို့ အိမ်ကွင်းမှာ အမှတ်ရဖို့ရုန်းကန်လာမှာပါ။ ထရွိုင်စ်ကခြေကျနေချိန်ဖြစ်လို့ စထရာဘိုးကိုပဲ ရွေးထားချင်တယ်။
လိုင်လီ နှင့် Reims (မြန်မာစံတော်ချိန် တနင်္လာည ၁ဝး၃၀ နာရီ)
လက်ရှိလိုင်လီရဲ့ အိမ်ကွင်းခြေစွမ်းကို Reims တို့ခက်ခက် ခဲခဲတောင့်ခံရမှာပါ။ ဒါပေမဲ့ Reims ကလည်း ကွင်းမရွေးခံကစားတတ်တဲ့အသင်းဖြစ်နေတယ်။ သရေကျဖို့များတဲ့ပွဲပါပဲ။
မောင့်ပယ်လီယာ နှင့် မာဆေးလ် (မြန်မာစံတော်ချိန် တနင်္လာည ၁၂း၃၀ နာရီ)
နောက်ပိုင်းကစားခဲ့တဲ့ပွဲတွေမှာ မာဆေးလ်တို့ခြေပြန်ငြိမ်ခဲ့တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့အချိန်၊ အရေးပါတဲ့ပွဲစဉ်ဖြစ်နေလို့လည်း အမှားခံမှာ မဟုတ်ပါဘူး။ မောင့်ပယ်လီယာအိမ်ကွင်းဆိုပေမဲ့ မာဆေးလ်ကပ်နိုင်သွားလိမ့်မယ်။
ရန်းစ် နှင့် နိုက်စ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)
နှစ်သင်းစလုံး လက်ရှိမှာ တည်ငြိမ်တဲ့ခြေစွမ်းကိုပြသနေတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ အိမ်ရှင်ရန်းစ်အတွက် ပိုအရေးကြီးတယ်ဆိုပေမဲ့ နိုက်စ်ရဲ့တုံ့ပြန်နိုင်စွမ်းကိုလည်းမေ့ထားလို့မရပါဘူး။ သရေကျဖို့များတဲ့ပွဲပါပဲ။