spot_img

ပရီးမီးယားလိဂ်ထိပ်သီးကလပ် ချယ်လ်ဆီးအသင်းကို ဝယ်ယူရန် ကမ်းလှမ်းထားကြောင်းအနည်းဆုံး အဖွဲ့အစည်းလေးခုက အတည်ပြုခဲ့သည်ဟု BBC ဖော်ပြ

ပရီးမီးယားလိဂ်ထိပ်သီး ချယ်လ်ဆီးအသင်းကို ဝယ်ယူရန် ကမ်းလှမ်းမှုများပြုလုပ်ထားကြောင်း အနည်းဆုံး အဖွဲ့အစည်း လေးခုက အတည်ပြုထားသည်ဟု BBC သတင်းဌာနက ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းပိုင်ရှင်ဖြစ်သူ ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်သည် ယူကရိန်းအပေါ် ရုရှား၏ကျူးကျော်စစ်ကြောင့် ဗြိတိန်ရှိ ပိုင်ဆိုင်မှုများ ထိန်းချုပ်မခံရမီကတည်းက ချယ်လ်ဆီးအသင်းကို အရောင်းစာရင်းတင်ထားခြင်းဖြစ်သည်။

myan789

လန်ဒန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Centricus နှင့် မိတ်ဖက်များအုပ်စု၊ ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ဆာမာတင်ဘရောက်တန်နှင့် World Athletics အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ဆီဘက်စတီယန်ကိုးနှင့် ဗြိတိန်အိမ် ခြံမြေရင်းနှီးမြှုပ်နှံသူ နစ်ခ်ကန်ဒီတို့ပါဝင်သည့်အုပ်စု၊ ဆွစ်ဘီလျံနာ ဟန်းစ်ဂျော့ဝိုက်စ်နှင့် LA Dodgers အသင်းရှယ်ယာရှင် တော့ဒ်ဘိုလီတို့ပါဝင်သော အမေရိကန်အခြေစိုက် Ricketts Family အုပ်စုနှင့် Saudi Media Group စသည့် အဖွဲ့အစည်းလေးခုက ချယ်လ်ဆီးအသင်းကို ဝယ်ယူရန် တရားဝင်ကမ်းလှမ်းထားခြင်းဖြစ်သည်။

Centricus ကုမ္ပဏီသည် Cheyne Capital မှ ဂျိုနသန်လော်ရီ၊ Talis Capital မှ ဘော့ဖင့်ချ်တို့နှင့်ပူးပေါင်းကာ ချယ်လ်ဆီးအသင်းကို ဝယ်ယူရန် ကမ်းလှမ်းထားသည်ဟု မတ်လ ၂၁ ရက်က ကြေညာပြီး နောက်ဆုံးအတည်ပြုခဲ့သည့် အဖွဲ့အစည်းလည်းဖြစ်သည်။ Centricus ကုမ္ပဏီသည် ပိုင်ဆိုင်မှု ပေါင် ၂၉ ဘီလျံခန့်ရှိပြီး ချယ်လ်ဆီးအသင်းကို ဝယ်ယူရန်အတွက် အပြောင်းအရွှေ့ကို စီမံဆောင်ရွက်နေသည့် အမေရိကန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Raine Group ထံက တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ထားပြီးဖြစ် ကြောင်း သိရသည်။

ဗြိတိန်မီဒီယာများ၏ ဖော်ပြမှုအရ ချယ်လ်ဆီးအသင်းကို အေဘရာမိုဗစ်ချ်က ပေါင်သုံးဘီလျံဖြင့်ရောင်းချရန် တန်ဖိုးသတ်မှတ်ထားပြီး အခြားသူများက ယင်းတန်ဖိုးအောက်ပမာဏဖြင့်သာ ကမ်းလှမ်းခဲ့ကြသော်လည်း Centricus ကမူ ပေါင် သုံးဘီလျံအထက်ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ Centricus သည် လုပ်ငန်းပေါင်းများ စွာတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသည့် ကုမ္ပဏီ ဖြစ်သော်လည်း အားကစားလောကတွင် ရင်းနှီးမြှုပ်နှံနိုင်ခြင်းမရှိသေးသည့်အတွက် ချယ်လ်ဆီးအသင်းကို ဝယ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

Raine Group သည် ချယ်လ်ဆီးအသင်းကိုဝယ်ယူရန် ကမ်းလှမ်းထားသည့် အဖွဲ့အစည်းထဲမှ Shortlist စာရင်းတွင် ယခုတစ်ပတ်အတွင်း ရွေးချယ်သွားဖွယ်ရှိနေသည်ဟု BBC သတင်းဌာနက ရေးသားခဲ့ပြီး အသင်း၏အရောင်းအဝယ်ကိစ္စမှာ ယခုလမကုန်မီ အပြီးသတ်ဖွယ်ရှိနေသည်ဟု ဗြိတိန်မီဒီယာများက ခန့်မှန်းလျက်ရှိသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular