spot_img

ပရီးမီးယားလိဂ်ချန်ပီယံအလေးပေးချက်တွင် အာဆင်နယ်အသင်း တတိယနေရာ ရောက်ရှိလာပြီး လီဗာပူးလ် ရလဒ်ဆိုးနေသောကြောင့် ထိပ်ဆုံးမှ မန်စီးတီး၏အလေးပေးချက် ပိုမိုမြင့်တက်

ပရီးမီးယားလိဂ်ချန်ပီယံ အလေးပေးချက်တွင် ရာသီအဖွင့် သုံးပွဲဆက်တိုက် အနိုင်ရပြီး အမှတ်ပေးဇယားကို ဦးဆောင်နေသည့် အာဆင်နယ်အသင်းသည် တတိယနေရာသို့ ရောက်ရှိလာကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ၂၀၀၄-၀၅ ရာသီနောက်ပိုင်း ရာသီအဖွင့် သုံးပွဲဆက်တိုက် ပြန်လည်အနိုင်ရရှိခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေခြင်းဖြစ်သည်။

myan789

ပရီးမီးယားလိဂ်ပြိုင်ပွဲရာသီ မစတင်မီက Oddschecker ၏ Best Odds တွင် အာဆင်နယ်အသင်းသည် ၄၀း၁ လေးဖြင့် Big Six အသင်းများအနက် နောက်ဆုံးနေရာ၌သာ ရှိခဲ့သည်။

သို့သော် လက်ရှိ Best Odds တွင်မူ အာဆင်နယ်အသင်းမှာ ၂ရး၂ လေးဖြင့် မန်ယူ၊ ချယ်လ်ဆီးနှင့် စပါးအသင်းများကိုကျော်ဖြတ်ကာ တတိယနေရာအထိ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲရာသီ မစတင်မီကတည်းက ထိပ်ဆုံးတွင် အပြတ်အသတ်ဦးဆောင်နေသည့် လက်ရှိချန်ပီယံ မန်စီးတီးအသင်း၏ ချန်ပီယံအလေးပေးချက်မှာ ပြိုင်ဘက် လီဗာပူးလ်အသင်း ပွဲစဉ်-၃ အပြီးထိ နိုင်ပွဲမရရှိသေးမှုနှင့်အတူ ပိုမိုမြင့်တက်လာလျက်ရှိသည်။

ရာသီအဖွင့်ပွဲစဉ်မတိုင်မီ မန်စီးတီးအသင်းသည် ၁၀း၁၃ လေး သာရှိခဲ့ရာမှ ယခုအခါတွင် ၄း၁၁ လေးအထိ မြင့်တက်လာခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းမှာမူ ၁၁း၄ လေးမှ ၄၄း၅ လေးသို့ ကျဆင်းသွားခဲ့ရသည်။ ယခင်အဆင့်(၃၊ ၄၊ ၅) နေရာများတွင်ရှိခဲ့သည့် စပါး၊ ချယ်လ်ဆီးနှင့် မန်ယူအသင်းများမှာ အဆင့်တစ်ဆင့်စီကျဆင်းခဲ့သလို၊ အလေးပေးချက်များလည်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။

ခုနစ်မှတ် ရရှိထားသည့် စပါးအသင်းမှာ ၂၉း၂ လေးမှ ၃ရး၂ လေး၊ လေးမှတ်ဖြင့် အဆင့် ၁၂ နေရာ ရောက်နေသည့် ချယ်လ်ဆီးအသင်းမှာ ၁၈း၁ လေးမှ ၂၈း၁ လေး၊ နိုင်ပွဲစတင်ရရှိထားသည့် မန်ယူအသင်းမှာ ၄၀း၁ လေးမှ ၆၆း၁ လေး အထိ အသီးသီးကျဆင်းခဲ့ခြင်းဖြစ်သည်။

အမှတ်ပေးဇယားအောက်ဆုံးရောက်နှစ်သင်း ဖြစ်သည့် လက်စတာအသင်းက ၂၅၀း၁ လေး မှ ၁၀၀၀း၁ လေး၊ ဝက်စ်ဟမ်းအသင်းက ၂၅၀း၁ လေးမှ ၇၅၀း၁ လေးအထိ ကျဆင်းခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု အလေးပေးချက်တွင် မန်စီးတီးတိုက်စစ်မှူး ဟော်လန်း၊ အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူးတို့၏အလေးပေးချက်များမှာ ပိုမိုမြင့်တက်လာခဲ့သည်။

လက်ရှိရေပန်းစားမှုတွင် ဟော်လန်းက ၃၂း၁၉ လေး၊ ဆာလာက ၁၁း၂ လေး၊ ဟာရီကိန်းက ၃၃း၅ လေး၊ ဂျေးဇူးက ရး၁ လေး၊ ဒါဝင်နူးနက်ဇ်က ၂၂း၁ လေးဖြင့် အသီးသီးရပ် တည်လျက်ရှိသည်။

မန်ယူအသင်းမှ နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုမှာ မူလ ၂၆း၁ လေးမှ ၆၄း၁ လေးအထိ ကျဆင်းသွားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular