spot_img

ပရီးမီးယားလိဂ်ချန်ပီယံဆုအား မန်စီးတီးအသင်းရရှိရန် နီးစပ်သွားပြီဖြစ်ပြီး ရမှတ်ကွာဟချက် ကြီးမားသွားပြီဖြစ်ကြောင်း လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက် ဝန်ခံ

လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်က ချယ်လ်ဆီးအသင်းနှင့် သရေကျပြီးနောက် ချန်ပီယံဆုအား မန်စီးတီးအသင်းရရှိရန် နီးစပ်သွားပြီဖြစ်ကြောင်းနှင့် ရမှတ်ကွာဟချက် ကြီးမားသွားပြီဖြစ်ကြောင်း ဝန်ခံပြောကြားသည်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယနေရာမှ ချယ်လ်ဆီးနှင့် တတိယနေရာမှ လီဗာပူးလ်အသင်းတို့ ပွဲစဉ် ၂၁ အဖြစ် တနင်္ဂနွေနေ့က လန်ဒန်မြို့ရှိ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ နှစ်ဂိုးစီသရေကျခဲ့သည်။

myan789

လီဗာပူးလ်အသင်းသည် ပွဲအစ ကိုးမိနစ်တွင် မာနေနှင့် ၂၆ မိနစ်တွင် ဆာလာတို့ သွင်းယူသည့်ဂိုးများဖြင့် ဦးဆောင်ကစားနိုင်သော်လည်း ၄၂ မိနစ်တွင် ကိုဗာချစ်နှင့် ၄၅ +၁ မိနစ်တွင် ပူလီဆစ်တို့၏ ချေပဂိုးနှစ်ဂိုး ပြန်လည်ခွင့်ပြုခဲ့ရသဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။

ယင်းပွဲသရေရလဒ်ကြောင့် မန်စီးတီးအသင်းက ၂၁ ပွဲကစား ၅၃ မှတ်ဖြင့် ဇယားထိပ်ဆုံးမှ ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းအား ၁၀ မှတ်၊ လီဗာပူးလ်အသင်းအား တစ်ပွဲပို၊ ၁၁ မှတ်အထိ ဖြတ်ထားနိုင်ပြီဖြစ်သည်။

သို့ဖြစ်ရာ ဗန်ဒိုက်က ”ယုံကြည်မှုရှိဖို့ဆိုတာ ဘယ်တုန်းကမှ မခက်ခဲပါဘူး။ ဒါက ကြီးမားတဲ့ကွာခြားချက် ဖြစ်သွားပါပြီ။ ဒီအချိန်မှာ ချန်ပီယံဆုအတွက် သူတို့(စီးတီး)ကို အရှုံးပေးရလုနီးနီးဖြစ်နေပါပြီ။ ဒါပေမဲ့ ဘာမဆိုဖြစ်နိုင်ပါသေးတယ်။ ကံမကောင်းစွာနဲ့ ကျွန်တော်တို့ ဒီနေရာကို ရောက်နေရတာပါ။ ကျွန်တော်တို့ရှေ့မှာ ခြားနားချက် တစ်ခုရှိနေပြီး ဒါကို ကျော်ဖြတ်ရပါမယ်။ ဘာမဆိုဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို အာရုံစိုက်ရပါမယ်။ ချယ်လ်ဆီးကလည်း ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ထားမှာပါ။ ရလဒ်တွေကောင်းဖို့ လိုပါတယ်။ ရလဒ်ကောင်းမွန်ဖို့၊ ကောင်းကောင်းကစားနိုင်ဖို့၊ နိုင်ပွဲတွေရယူနိုင်ဖို့ ကြိုးစားရမှာပါ။ နားထောင်ရတာကလွယ်ပေမဲ့ တကယ်ကခက်ခဲတယ်ဆိုတာ ခင်ဗျားလည်းတွေ့မှာပါ”ဟု ပွဲအပြီးတွင် ပြောကြားသည်။

လီဗာပူးလ်အသင်းသည် နှစ်သစ်ကူးပွဲကျပ်ကာလတွင် ရလဒ်ဆိုးရွားနေပြီး ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးထားသည်။

ယင်းသုံးပွဲစလုံး အဝေးကွင်းကစားထားရခြင်းဖြစ်ပြီး စပါး၊ ချယ်လ်ဆီးအသင်းတို့နှင့် (၂-၂) ဂိုးစီသရေ၊ လက်စတာအသင်းအား (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

ထို့ပြင် လိဂ်ဖလားပြိုင်ပွဲတွင်လည်း လက်စတာအသင်းအား အိမ်ကွင်း၌ ပွဲကစားချိန်အတွင်း အနိုင်မရဘဲ သုံးဂိုးစီသရေကျခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်မှသာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းသည် လာမည့်သုံးပွဲဆက်တိုက် ဖလားပြိုင်ပွဲများသာ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇန်နဝါရီ ၆ ရက်တွင် အာဆင်နယ်နှင့် လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ အဝေးကွင်း၊ ဇန်နဝါရီ ၉ ရက်တွင် League One ကလပ် ရှရူးဘူရီ အသင်းနှင့် FA ဖလား တတိယအဆင့် အိမ်ကွင်း၊ ဇန်နဝါရီ ၁၃ ရက်တွင် အာဆင်နယ်နှင့် လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ် ကစားရမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular