အဲဗာတန်အသင်း၏ တိုက်စစ်မှူး ရစ်ချာလီဆန်သည် ချယ်လ်ဆီးအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲတွင် ပရိသတ်များထံ မီးရှူးမီးပန်း ပြန်ပစ်ပေါက်ခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ရစ်ချာလီဆန်သည် ယင်းပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူခဲ့ခြင်းကြောင့် တန်းဆင်းဇုန်အတွင်း ရုန်းကန်နေရသည့် အဲဗာတန်အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့သော်လည်း ယင်းအပြုအမူအတွက် ဝေဖန်ပြစ်တင်ခံနေရသလို၊ FA ကလည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဟု သိရသည်။
ရစ်ချာလီဆန်သည် ချယ်လ်ဆီးအသင်းဘက်သို့ ဂိုးသွင်းအပြီး အောင်ပွဲခံနေစဉ် ပရိသတ်ထဲမှအပြာရောင်မီးခိုးများ ထွက်နေသည့် မီးရှူးမီးပန်းဖြင့် ကွင်းအတွင်း ပစ်ပေါက်ခဲ့ရာ၎င်းက ကောက်ယူပြီး ဂိုးတိုင်နောက်ဘက်မှ အဲဗာတန်ပရိသတ်များထံ ပြန်လည်ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ယင်းအတွက် ပရိသတ်တစ်ဦးက ရစ်ချာလီဆန်သည် မိုက်မဲသည့်လုပ်ရပ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရေးယူမခံရသည်မှာ ကံကောင်းကြောင်း၊ ပရိသတ်များထံ အကြွေစေ့ဖြင့် ပြန်ပစ်ပေါက်ခဲ့သည့် ကာရေဂါ အနီကတ်အပြခံရဖူးကြောင်း ထောက်ပြခဲ့သည်။