spot_img

ပရိသတ်တွေ သဘောကျမယ် ၊ ဒါပေမယ့် သဘောတူမှာ မဟုတ်တဲ့ နှိုင်းယှဉ်မှု တစ်ခုကို ပြုလုပ်လိုက်တဲ့ ပေါလ် စခိုးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ သမိုင်းကြောင်း တစ်လျှောက်ကို ကြည့်လိုက်မယ်ဆိုရင် အောင်မြင်မှု အလီလီ ရယူနိုင်ခဲ့တဲ့ ဂန္တဝင် နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန် လက်အောက်မှာ စပါယ်ရှယ် ကစားသမားတွေ အများကြီး ကစားခဲ့ကြတာကို မြင်တွေ့ရပါ လိမ့်မယ် ။

အဲ့ဒီ ကစားသမားတွေ အနက် ဆာအဲလက်စ် ဖာဂူဆန်ကို ဆုဖလားတွေ တစ်လုံးပြီး တစ်လုံး ရရှိအောင် အဓိက နေရာကနေ ပါဝင် သရုပ်ဆောင် ပေးခဲ့ကြတဲ့ ကစားသမားအကြောင်း ပြောရမယ် ဆိုရင် သရဲနီ ပရိသတ်တွေရဲ့ အသည်းကျော် ဖြစ်ခဲ့ကြတဲ့ ” Class 92 ” အကြောင်း အရင်ဆုံး ပြောရပါ လိမ့်မယ် ။

myan789

Class 92 အကြောင်း ပြောရမယ် ဆိုရင်တော့ အထူး ခြေစွမ်းကောင်းတွေကို ပြသရင်း ကစားသမားဘဝကို မန်ချက်စတာ မှာပဲ ကုန်ဆုံး စေခဲ့ကြတဲ့ ရိုင်ယန်ဂစ် ၊ ပေါလ် စခိုးလ် နဲ့ ဂယ်ရီ နဗီးလ် တို့ ပါဝင် လာမှာ သေချာပါတယ် ။ အဲ့ဒီထဲမှာမှ ပြိုင်ဖက် ကစားသမား ၊ နည်းပြ တွေရဲ့ ချီးကျူးမှု တွေကို အကြိမ်ကြိမ် ရရှိခဲ့သူက ပေါလ် စခိုးလ် ပဲ ဖြစ်ပါတယ် ။

အခြား တစ်ဖက်မှာတော့ ဘရူနို ဖာနန်ဒက်စ် ဆိုတာ ပြီးခဲ့တဲ့ ဇန်နဝါရီ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ရှိ ခဲ့သူ ဖြစ်ပြီး သွင်းဂိုး ၊ ဖန်တီးမှုတွေကို လုပ်ဆောင်ရင်း အသင်းရဲ့ ကစားကွက် ၊ အသင်းဖော် တွေကိုပါ တိုးတက် စေနိုင်ခဲ့သလို ရလဒ်ကောင်း ပိုင်ဆိုင် နိုင်ရေး အတွက် အဓိက ကျလွန်းသူလည်း ဖြစ်ခဲ့ရ ပါတယ် ။

ဒါ့ကြောင့် ဘရူနို ဖာနန်ဒက်စ်ဟာ သတင်းသုံးသပ်သူ တွေနဲ့ ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ဆက်တိုက် ရရှိခဲ့ပြီး ကွင်းလယ် ဂန္တဝင် ပေါလ် စခိုးလ် နဲ့ မကြာခန ခိုင်းနှိုင်းခံခဲ့ရ ပါတယ် ။ ဒီလို အနေအထားမျိုးမှာ ဘရူနိုက ပေါလ် စခိုးလ်ထက် ပိုကောင်းတယ်လို့ပြောရင် သရဲနီ ပရိသတ်တွေ ကျေနပ်ကြမှာ အသေအချာ ပါပဲ ။ ဒါပေမယ့် သဘောတူ လက်ခံကြမှာတော့ မဟုတ်ပါဘူး ။

ဘာဖြစ်လို့လဲ ဆိုတော့ ယူနိုက်တက် အတွက် သူ ခြေစွမ်းပြခဲ့တာ တစ်နှစ်သာ ရှိနေသေးပြီး ဆုဖလား အောင်မြင်မှု ဇီးရိုး ဖြစ်နေလို့ ပါပဲ ။ အခုတော့ ပေါလ် စခိုးလ် ကိုယ်တိုင် က ပေါ်တူဂီ လက်ရွေးစင်ဟာ သူ့ထက် ပိုကောင်းကြောင်း ၊ သူဟာ ခြားနားသူ ဖြစ်ကြောင်း ၊ သူ့ရဲ့ နောက်မှာ နေပြီး အတူ တွဲဖက် ကစားရတာကို နှစ်သက်မိမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက် ပါတယ် ။

” သူ (ဘရူနို) လုပ်ပြခဲ့တာက အံ့ဖွယ်တွေ ပါပဲ ။ သူ ရောက်ရှိ လာခဲ့တဲ့ အချိန်က စပြီး တွက်ချက် လိုက်မယ် ၊ ပွဲကျန်ပါ ကစားလိုက်မယ် ဆိုရင် ယူနိုက်တက် အသင်းက လီဗာပူူကို ကျော်ပြီး အမှတ်ပေး ဇယား ထိပ်ဆုံး နေရာမှာတောင် ရပ်တည် နေခဲ့ပါလိမ့်မယ် ။ ဒီလို တွေးတောရတာက တစ်ကယ်တော့ ထူးဆန်းလှ ပါတယ် ”

” သူတို့တွေဟာ ရာသီသစ် စတင်ပုံ မကောင်းခဲ့ကြပါဘူး ။ ယူနိုက်တက် အသင်းဟာ ရာသီသစ် စတင်တာ ဆိုးရွားခဲ့တယ်လို့ ခင်ဗျားတို့ တွေးနေကြမှာ ပါပဲ ။ ဒါပေမယ့် သူတို့တွေဟာ မှန်ကန်တဲ့ နေရာ တစ်ခုမှာ ရပ်တည် နေဆဲ ပါပဲ ။ သူတို့တွေက အခုထက် ပိုပြီး ကောင်းသထက် ကောင်းလာဖိုပဲ ရှိကြတယ်လို့ ကျွန်တော် တွေးမိ ပါတယ် ”

” သူ ပိုင်ဆိုင် ခဲ့တဲ့ ကိန်းဂဏန်း တွေက ကောင်းလွန်းခဲ့ ပါတယ် ။ သူ ဒါတွေကို ဆက်လုပ်နိုင် ပါစေလို့ မျှော်လင့် နေမိ ပါတယ် ။ သူဟာ ကျွန်တော့်ထက် ပိုကောင်း ပါတယ် ။ သူဟာ ကျွန်တော်နဲ့တော့ ခြားနားတဲ့ ကစားသမား တစ်ဦးပါ ။ သူက ကျွန်တော့်ထက် ပိုပြီး ဂိုးတွေ သွင်းပြခဲ့ သလို ဂိုးတွေလည်း ပိုပြီး ဖန်တီး ပေးနိုင်ခဲ့ ပါတယ် ”

” သူနဲ့ အတူ တွဲဖက် ကစားရတာကို ကျွန်တော် နှစ်ခြိုက်မိမှာပါ ။ သူ့ရဲ့ အနောက်မှာနေပြီး ကစားရတာမျိုးပေါ့ ။ ဒါပေမယ့် နိုးပါ ၊ သူဟာ စိတ်လှုပ်ရှားမှှု တွေကို ပေးစွမ်း နိုင်သူ တစ်ဦးပါပဲ ။ သူက ကွင်းထဲမှာ ကြီးမားတဲ့ ခြားနားချက် တွေကို လုပ်ဆောင် ပေးနိုင် ပါတယ် ”

” သူ မလာခင် တုန်းက ယူနိုက်တက် အသင်းဟာ အခွင့်အရေး တစ်ကြိမ်လောက် ဖန်တီး နိုင်ဖို့တောင်မှ ရုန်းကန် ခဲ့ရ ပါတယ် ။ ဒါပေမယ့် အခု အသင်းကို ကြည့်လိုက်မယ် ဆိုရင်တော့ သူတို့ တွေဟာ သုံးဂိုး ၊ လေးဂိုး ၊ ငါးဂိုးလောက် အထိတောင် သွင်းနိုင်စွမ်း ရှိတဲ့ ပုံစံမျိုး ပိုင်ဆိုင် နေကြ ပါပြီ ” လို့ ပေါလ် စခိုးလ် က အချက်ကျကျ ရှင်းပြ သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular