spot_img

ပရိသတ်တွေကို နောက်ဆုံးမိနစ် အထိ စိတ်ဒုက္ခ ပေးခဲ့တဲ့ ရှက်ဖီး 2 – 3 မန်ယူနိုက်တက် ပွဲစဉ်မှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ ??

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ ဘရာမောလိန်း ကွင်းထဲမှာ အမှတ်ပေး ဇယား အောက်ဆုံး နေရာက ရှက်ဖီး ယူနိုက်တက် အသင်းကို ရင်ဆိုင် ကစားခဲ့ ရပြီး 2 – 3 ဆိုတဲ့ ရလဒ် နဲ့ အဝေးကွင်း နိုင်ပွဲ ရယူ သွားနိုင်ခဲ့ ပါတယ် ။ အဆိုပါ နိုင်ပွဲကြောင့် ယူနိုက်တက်တို့ အမှတ်ပေး ဇယား အဆင့် 6 နေရာကို တက်လှမ်း သွားနိုင်ခဲ့ ပါပြီ ။

အဆိုပါ ပွဲစဉ် မှာတော့ ရှက်ဖီး ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်း နှစ်ဦး ဖြစ်ကြတဲ့ မက်ဂွားယား နဲ့ ဟန်ဒါဆန် တို့ဟာ ဂိုးဧရိယာ ထဲမှာ ဘောလုံး အပေးအယူ လုပ်ခဲ့ကြပြီး ပွဲထွက်ခွင့် ရရှိ ခဲ့တဲ့ ဂိုးသမားလေးက ဘောလုံး အမြန်မပေးနိုင်ပဲ လေးလံ နေခဲ့တဲ့ အတွက် အသင်းဟောင်းကို လက်ဆောင်ဂိုး ပေးသွား ခဲ့ရ ပါတယ် ။

myan789

ဒါပေမယ့် ပွဲချိန် 26 မိနစ် နဲ့ 34 မိနစ် တွေမှာ ရပ်ရှ်ဖို့ နဲ့ မာရှယ် တို့က ဂိုးသွင်းယူခဲ့ ကြပြီး အသင်းကို ပြန်လည် ဦးဆောင် စေခဲ့ကြ ပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင်း ပွဲချိန် 51 မိနစ်မှာ ရပ်ရှ်ဖို့ ကပဲ နောက်တစ်ဂိုး သွင်းယူရင်း ယူနိုက်တက်တို့ကို ဆက်လက် ဦးဆောင်ခွင့် ပေးဆောင် သွားနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် အဲ့ဒီနောက် မှာတော့ ယူနိုက်တက် တို့ရဲ့ အသင်းလိုက် ကစားပုံတွေက အားရစရာ မရှိ ဖြစ်သွား ခဲ့ရ ပါတယ် ။

အဲ့ဒီ အချိန် အထိတော့ ယူနိုက်တက် အတွက် မာရှယ် ( 1 ဂိုးသွင်း ၊ 1 ဂိုးဖန် ) ၊ ရပ်ရှ်ဖို့ ( 2 ဂိုးသွင်း ) ၊ ပေါ့ဂ်ဘာ နဲ့ လင်ဒီလော့ဖ် တို့က တစ်ဂိုးစီ ဖန်တီး ပေးနိုင် ခဲ့ကြ ပါတယ် ။ ဒါပေမယ့် နောက်ပိုင်း မှာတော့ ဂိုး မရသေးတဲ့ ဂရင်းဝုဒ် ကလည်း အသင်းဖော် တိုက်စစ်မှူး နှစ်ဦး နည်းတူ ဂိုး ရချင်တာကြောင့် လူပေးသင့်တဲ့ ဘောလုံး အချို့ကို မပေးပဲ ဂိုးပေါက် ကန်သွင်းမှု ပြုလုပ် သွားခဲ့ ပါတယ် ။

ထို့အတူ ရပ်ရှ်ဖို့ ကလည်း ဟတ်ထရစ် ရနိုင်ဖို့ အတွက် ဦစားပေးလိုစိတ် များလာခဲ့ပြီး ဘရူနိုဆီက ဖရီးကစ် တစ်ကြိမ် တောင်းယူ ကန်သွင်းခဲ့ပါတယ် ။ ထို့အတူ ဂိုးသွင်း ၊ ဖန်တီးမှု လိုချင်စိတ် များလာခဲ့တဲ့ ဘရူနို ကလည်း ဖရီးကစ် သာမက တဲလက်စ် ကန်နေကျ ထောင့်ကန်ဘောကိုပါ သွားရောက် ကန်သွင်းခဲ့တာကို တွေ့ရှိ ခဲ့ရ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် အသင်းတို့ ဆက်တိုက် ဆိုသလို တိုက်စစ်ဆင် ကစားခဲ့ကြပေမယ့် နောက်ထပ် သွင်းဂိုးတွေကို မရရှိတော့ပဲ အသင်းလိုက် ကစားပုံ အားရစရာ မရှိ ဖြစ်သွား ခဲ့ရ ပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 87 မိနစ်မှာ မက် ဂေါဒရစ် က နောက်တစ်ဂိုး သွင်းယူပြီး 2 – 3 ဆိုတဲ့ ရလဒ် ယူဆောင်သွားခဲ့တဲ့နောက် ယူနိုက်တက် တို့ဟာ ဂိုးထပ် မပေးရဖို့ ဖိအား များသွား ခဲ့ကြ ပါတယ် ။

ထို့အတူ ရပ်ရှ်ဖို့ကို အနားပေးပြီး ဒန်နီယယ် ဂျိမ်းစ်ကို ထည့်သွင်း ကစားဖို့ ရည်ရွယ် ခဲ့တဲ့ ဆိုးလ်ရှား ကလည်း ဆုံးဖြတ်ချက် ပြန်ပြင်ပြီး မာရှယ်ကို ထုတ်ကာ တော်မီနေးကို ထည့်သွင်းပြီး ခံစစ် ပိုမို ကျစ်လျစ်အောင် ဦးစားပေး သွားခဲ့ရ ပါတယ် ။ ထို့အတူ ယူနိုက်တက် တို့လည်း လျော့တိလျော့ရဲ တိုက်စစ် ကစားဟန်နဲ့ အတူ နောက်ဆုံး မိနစ် အထိ ပရိသတ် တွေကို စိတ်ဒုက္ခ ပေးရင်း အဖိုးတန် အဝေးကွင်း နိုင်ပွဲကို ရယူ သွားနိုင်ခဲ့ကြ ပါတယ် ။

အဆိုပါ ပွဲစဉ်မှ နှစ်ဖက် ကစားသမား တွေရဲ့ စွမ်းဆောင်ရည် တွေကို ဖော်ပြ ပေးလိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက်
———————————

ဒင်းန် ဟန်ဒါဆန် ( 5.5 )

အစောပိုင်း မိနစ်မှာ အမှား ကျူးလွန်ပြီး အသင်းဟောင်းကို လက်ဆောင်ဂိုး ပေးခဲ့ပေမယ့် နောက်ပိုင်း မှာတော့ ဂိုး ဖြစ်စေနိုင်မယ့် ကန်ချက်တွေကို ဟန့်တား ကာကွယ် ပြသွားနိုင်ခဲ့ ပါတယ် ။

ဝမ်း ဘစ်ဆာကာ ( 6 )

ခံစစ်ပိုင်းမှာ အလုပ်များချိန် နည်းပါးခဲ့ ပါတယ် ။ ဘောလုံးကိုင် ကစားတာ ၊ လုယူတာတွေ ကောင်းမွန်ပြီး ချိတ်ဆက် ကစားပုံလည်း တိုးတက် လာခဲ့ ပါတယ် ။

လင်ဒီလော့ဖ် ( 8 )

ခံစစ် ကစားပုံ ကောင်းမွန်ခဲ့ သလို ရပ်ရှ်ဖို့ ရဲ့ ခြေပဂိုး ကိုလည်း အဝေးကနေ အကွက်မြင်စွာ ဖန်တီး ပေးသွား နိုင်ခဲ့ ပါတယ် ။

မက်ဂွားယား ( 7 )

အဖွင့်ဂိုးမှာ အမှားမကင်းသလို ဖြစ်ခဲ့ရ ပါတယ် ။ အမြင်ဘော တွေကို ကောင်းမွန်စွာ ခေါင်းဦးနိုင်ခဲ့သလို ခံစစ် ကစားပုံလည်း ကောင်းခဲ့ ပါတယ် ။

အဲလက်စ် တဲလက်စ် ( 6 )

ခံစစ်ပိုင်း အလုပ် နည်းပါးခဲ့ ပါတယ် ။ အသင်းဖော် ရပ်ရှ်ဖို့ နဲ့ ချိတ်ဆက် ကစားရင်း ဘယ် တောင်ပံကို အားကောင်းအောင် ကူညီ ပေးနိုင်ခဲ့ ပါတယ် ။

မာတစ် ( 6 )

ခံစစ် ကစားသမား လေးဦးရဲ့ အရှေ့မှာ တည်ငြိမ်တဲ့ ကစားဟန်ကို ပြသရင်း ချိတ်ဆက် ကစားပုံ ကောင်းမွန်ခဲ့ ပါတယ် ။

ပေါ့ဂ်ဘာ ( 7.5 )

ခံစစ်ကို ကူညီ ၊ တိုက်စစ်ကို ပံ့ပိုးရင်း ဂိုးဖန်တီး ၊ တစ်ကိုယ်တော် စွမ်းရည် အချို့ကို ပြသရင်း ပြီးပြည့်စုံတဲ့ နံပါတ် 6 ကစားဟန်ကို ပြသ သွားနိုင်ခဲ့ ပါတယ် ။ ဒီလိုသာ နှစ်ပွဲ ၊ သုံးပွဲလောက် ဆက်ကစားပြ နိုင်ရင် ဝေဖန်သံတွေ ပျောက်ဆုံး သွားပါလိမ့်မယ် ။

ဘရူနို ( 6 )

တစ်ကိုယ်တော် စကေး အချို့ကို ပြသ ခဲ့ပြီး ဂိုးဖန်တီး ခဲ့တဲ့ ပေါ့ဂ်ဘာ နဲ့ မာရှယ် တို့ဆီ ဘောလုံး ပေးပို့ခဲ့ ပေမယ့် သွင်းဂိုး တွေနဲ့ တိုက်ရိုက် ပတ်သက်နိုင်ခြင်း မရှိခဲ့ပဲ ပုံမှန် စွမ်းဆောင်ရည်အောက် ကျဆင်း နေခဲ့ရ ပါတယ် ။ သူ အနားယူဖို့ လိုအပ် နေပြီ ဆိုတာ မြင်တွေ့ ခဲ့ရ ပါတယ် ။

ရပ်ရှ်ဖို့ ( 9 ) MOTM

အဖွင့်ဂိုးမှာ ဘောလုံး ထိန်းသိမ်းမှု စကေး ၊ တစ်ကိုယ်တော် စွမ်းဆောင်ရည် ပြသရင်း ပြိုင်ဖက် တွေကို ကျော်ဖြတ် နိုင်တဲ့ စကေး တွေကို ပြသရင်း နှစ်ဂိုး သွင်းယူ သွားနိုင်ခဲ့ ပါတယ် ။

မာရှယ် ( 7.5 )

ကစားပုံ အားရစရာ အကောင်းဆုံး အနေအထားမှာ မရှိခဲ့သေးပေမယ့် လိဂ် ပြိုင်ပွဲမှာ ပထမဆုံး သွင်းဂိုး ရယူ နိုင်ခဲ့ပြီး ရပ်ရှ်ဖို့ ရဲ့ ဂိုးကိုလည်း ဖန်တီး ပေးသွား နိုင်ခဲ့ ပါတယ် ။ ဒီ သွင်းဂိုး နဲ့ အတူ ယုံကြည်မှုတွေ ဆက်လက်ကောင်းမွန်လာမလား ဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

ဂရင်းဝုဒ် ( 6 )

ကိုယ်တိုင် ဂိုး သွင်းယူ နိုင်ခြင်း မရှိခဲ့ပေမယ့် အသင်းဖော် ရပ်ရှ်ဖို့ နဲ့ မာရှယ်တို့ ကစားရ ချောင်လည်အောင် အတော်လေး ကူညီ ပေးနိုင်ခဲ့ ပါတယ် ။ လုပ်အား ကောင်းမွန်ခဲ့ ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular