ပယ်နယ်တီမာရသွန်ကန်ပြီး ပထမဆုံး ယူရိုပါလိဂ်ဆုဖလားဆွတ်ခူးခဲ့တဲ့ ဗီလာရီးယဲလ်

ဗီလာရီးယဲလ် ၁-၁ မန်ချက်စတာယူနိုက်တက်

(မိနစ် ၉၀ ၁-၁၊ ပယ်နယ်တီ ၁၁-၁၀ ဂိုးဖြင့် ဗီလာရီးယဲလ် ဗိုလ်စွဲ)

myan789

မန်ယူအသင်းက မေးခွန်းထုတ်စရာများစွာနဲ့ ဆိုးလ်ရှားလက်ထက် ပထမဆုံးဗိုလ်လုပွဲကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ ဗီလာရီးယဲလ်ကို အသာစီးက ကစားနိုင်ခဲ့ပြီး၊ ပွဲကို စိုးမိုးနိုင်ခဲ့ပေမဲ့ ဗီလာရီးယဲလ်ကို ထိုးနှက်ဖို့၊ ဗီလာရီးယဲလ်ခံစစ်ကို ဖြိုလှဲဖို့ လုံလောက်တဲ့ အရည်အသွေးမရှိခဲ့ဘူး။ ဒီအရှုံးက အသင်းနည်းပြ ဆိုးလ်ရှားအတွက် ကြီးမားတဲ့အခွင့်အရေးတစ်ခု ဆုံးရှုံးခဲ့ခြင်းလည်းဖြစ်တယ်။ ဗီလာရီးယဲလ်အသင်းနည်းပြ အူနိုင်းအမ်မရီအတွက်တော့ ဒီဖလားက သူ့ရဲ့နည်းပြဘဝ (၄)ကြိမ်မြောက် ယူရို ပါလိဂ်ဖလားဖြစ်ပြီး၊ အရင် (၃)ကြိမ်က ဆီဗီလာအ သင်းနဲ့အတူ ရယူနိုင်ခဲ့တယ်။ ၂၀၁၉ တုန်းက အာ ဆင်နယ်နည်းပြဘဝမှာ ပထမဆုံး ယူရိုပါလိဂ်ဗိုလ်လုပွဲ အရှုံးကြုံခဲ့ပေမဲ့ ဒီတစ်ကြိမ် ပြန်လည်ရုန်းထနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

မန်ယူအသင်းက အသင်းခေါင်းဆောင် မက်ဂွိုင်းရားမပါဘဲ ပွဲထွက်ခဲ့ပြီး ကျန်ကစားသမားအစုံအလင် ပါဝင်ခဲ့တယ်။ ဗီလာရီးယဲလ်ကလည်း ဂျရတ်မော်ရီနို၊ ပယ်ရေဟိုတို့အပါအဝင် အဓိကကစားသမားအစုံအလင် ပါဝင်ခဲ့တယ်။ ပွဲအစ မိနစ် (၂၀၊ ၂၅) မိနစ်လောက်အထိ မန်ယူအသင်းက ပိုကောင်းခဲ့ပြီး ထူးထူးခြားခြားအခွင့်အရေးရတာမျိုးတော့ မရှိခဲ့ဘူး။ ဗီလာရီးယဲလ်အသင်းရဲ့ တိုက်စစ်တည်ဆောက်မှုကို ကောင်းကောင်းဖျက်ဆီးနိုင်ခဲ့ပြီး မန်ယူအသင်းရဲ့ Pressing ဒဏ်ကို ဗီလာရီးယဲလ် တော်တော်လေးခံစားခဲ့ရတယ်။ ဒါပေမဲ့ (၂၉)မိနစ်မှာတော့ ဗီလာရီးယဲလ်အသင်းက မထင်မှတ်ဘဲ ဦးဆောင်ဂိုးစရခဲ့ပြီး Set-piece ကနေ ပယ်ရေဟို တင်ပေးတဲ့ဘောလုံးကို ဒီရာသီမှာ အသင်းအတွက် အဆုံးအဖြတ်ဂိုးတွေသွင်းပေးလေ့ရှိတဲ့ ဂျရတ်မော်ရီနိုကပဲ ပိတ်သွင်းခဲ့တာဖြစ်တယ်။

ပထမပိုင်းပြီးတဲ့အထိလည်း မန်ယူအသင်းက တစ်ဂိုးရှုံးပေမဲ့ မန်ယူက တည်တည်ငြိမ်ငြိမ်နဲ့ ဘောလုံးပိုကိုင်ကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ ထိရောက်တဲ့ ဖန်တီးမှုတွေလုပ်ဖို့အတွက်တော့ အခက်တွေ့နေခဲ့ပြီး၊ ဗီလာရီးယဲလ်နည်းပြ အူနိုင်းအမ်မရီရဲ့ နည်းဗျူဟာပိုင်းတည်ဆောက်မှုကို ဆိုးလ်ရှားရဲ့အသင်းက ကျော်ဖြတ်ဖို့ ခက်ခဲနေခဲ့တယ်လို့ ဆိုရမယ်။ ဗီလာရီးယဲလ်က တစ်ခါတလေ ခံစစ်စည်းထိပ်မှာ ကစားသမား (၈)ဦးလောက် ရှိနေခဲ့ပြီး တစ်ခါတလေတော့ တိုက်စစ်ကို အုပ်စုဖွဲ့တက်သွားတယ်။ တိုက်စစ်မှာ ဘောလုံးပျက်တာနဲ့ အမြန်ပြန်ဆင်းနိုင်ကြတယ်။ ပေါ့ဘာဆီက လူမှားပေးတဲ့ ဘောလုံးပေါင်းများစွာ၊ တွမ်မီနေးဆီက ထွက်မလာတဲ့ ထိရောက်တဲ့အခင်းအကျင်း၊ ပျောက်နေတဲ့ ဘရူနိုဖာနန်ဒက်စ်၊ ဖွိုင်သ်ကို ကျော်မရတဲ့ ရပ်ရှ်ဖို့ဒ်တို့ကြောင့် မန်ယူက ဗီလာရီးယဲလ်အသင်းရဲ့ စုဖွဲ့မှုကို ကျော်ဖြတ်ဖို့ မလွယ်ခဲ့တာလည်းဖြစ်တယ်။ တစ်ဖက်ကကြည့်ရင် ဗီလာရီးယဲလ်ကလည်း မန်ယူအသင်းကို ကျော်ဖြတ်နိုင်စွမ်းမရှိခဲ့ဘူး။ တစ်ဦးချင်းကောင်းတဲ့ ကစားသမားတွေဆိုပေမဲ့ ဘောလုံးကိုင်ထားရုံသာ တတ်နိုင်ပြီး၊ တစ်ဦးချင်း အနိုင်ယူ၊ ကျော်ဖြတ်နိုင်စွမ်းမရှိတဲ့အတွက် မန်ယူခံစစ်က အလွယ်တကူ တားဆီးနိုင်ခဲ့ပါတယ်။

မန်ယူရဲ့ပြဿနာက မက်ဂွိုင်းရားမပါတဲ့ ခံစစ်မဟုတ်ဘဲ တိုက်စစ်ပိုင်းက ကစားသမားတွေ လှုပ်လို့မရတဲ့ပြဿနာ ဖြစ်ခဲ့တယ်။ တစ်ဦးတည်းသော လှုပ်ရှားမွှေနှောက်နိုင်ခဲ့တဲ့ ဂရင်းဝုဒ်ဆီက ဘောလုံးထွက်ပေမဲ့ အကန့်အသတ်ရှိပြီး၊ ဘယ်နောက်ခံလူ လုခ်ရှောရဲ့တိုက်စစ်ကို ထောက်ကူနိုင်စွမ်းကလည်း မဆိုးဘူးလို့ ပြောရမှာဖြစ်ပေမဲ့ နိုင်ပွဲရဖို့လောက်အထိတော့ မလုံလောက်ခဲ့ဘူး။ ချေပဂိုးတောင် ကံကောင်းလို့ရခဲ့တာဖြစ်ပြီး ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ရပ်ရှ်ဖို့ဒ် ကန်တာ ထိချက်မမှန်ပေမဲ့ ဗီလာရီးယဲလ်ခံစစ်နဲ့ ထိပြီး ကာဗာနီရှေ့ကို တည့်တည့်ကျခဲ့လို့ (၅၅) မိနစ်မှာ ချေပဂိုးရရှိခဲ့ခြင်းဖြစ်တယ်။ ချေပဂိုးရပြီး နောက်ပိုင်းမိနစ်တွေမှာတော့ မန်ယူက ပိုမကောင်းသလို၊ ဗီလာရီးယဲလ်လည်း အခွင့်အရေးကောင်း ကောင်းမွန်မွန်မရဘဲ အချိန်ပိုဆက်ကစားခဲ့ရတယ်။ အချိန်ပိုမှာတော့ ခြေပိုညီလာပြီး၊ ဗီလာရီးယဲလ်ကလည်း အန္တရာယ်ပိုရှိလာတယ်။ ဒါပေမဲ့ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ဘဲ ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular