ပထမဦးဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ရခဲ့တဲ့ နီကိုဝီလီယံကို ပထမပိုင်းအပြီး လူစားလဲပစ်ခဲ့ဲတဲ့ အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ ကလော့

ယာဂန်ကလော့က သူ့အနေနဲ့ နီကိုဝီလီယံရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့်မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကို တအား နှစ်သက်တယ်လို့ အခိုင်အမာ ပြောဆိုလိုက်ပြီး ဘရိုက်တန် နဲ့ပွဲမှာ လီဗာပူး လူငယ်ကြယ်ပွင့်ကို ပထမပိုင်း အပြီး လူစားလဲပစ် ခဲ့တဲ့ အကြောင်းရင်း ကိုလည်း ရှင်းပြ သွားခဲ့ပါတယ်။

ဘရိုက်တန် နဲ့ ပွဲစဉ်မှာ ကလော့ဟာ အန်ဒီရောဘတ်ဆန်ရဲ့ ဘယ်နောက်ခံလူ နေရာမှာ ဝီလီယံကို ပထမဦးဆုံး ပွဲထွက် ကစားခွင့် ပေးခဲ့ပြီး ဝေးလ်နောက်ခံလူဟာ ပထမပိုင်း ၄၅ မိနစ်သာ ကစား ခဲ့ရပြီး ရောဘတ်ဆန်ရဲ့ လူစားလဲခံ ခဲ့ရပါတယ်။ လူတစ်ချို့ ကတော့ ဒါဟာ ဝီလီယံရဲ့ စွမ်းဆောင်ရည်ကြောင့်လား ဆိုပြီး မေးခွန်း ထုတ်နေကြပေမယ့်လည်း ကလော့ ကတော့ ဒီလူစားလဲမှုဟာ ဆယ်ကျော်သက် ကစားသမားရဲ့ စွမ်းဆောင်ရည်နဲ့ မသက်ဆိုင်ဘူးလို့ ထုတ်ဖော် ခဲ့ပါတယ်။

myan789

ကလော့က “ဘောလုံးလောကက ဒီလိုပဲ ဆိုတာ ကျွန်တော် သိပါတယ်။ အကယ်၍ ကစားသမား တစ်ဦး ပထမပိုင်း အပြီး လူစားလဲ ခံလိုက်ရပြီ ဆိုရင် လူတိုင်းက ဒါဟာ ကစားသမား အတွက် မကောင်းဘူး ဆိုပြီး တွေးနေကြ ပါတယ်။ ကျွန်တော် ကတော့ ဒါတွေကို ဂရုမစိုက်ပါဘူး။ သူ့ကို လူစားလဲခဲ့တဲ့ အကြောင်းရင်း ကတော့ သူ အစောပိုင်းမှာ အဝါကတ် ထိထား ခဲ့တဲ့ အပြင် သူ့ဘက်ခြမ်းက ပြိုင်ဘက်တွေရဲ့ ထိုးဖောက်မှု အချို့ကို ကျွန်တော်တို့ ဘက်က လုံလောက်စွာ ကာကွယ် ပေးနိုင် ခဲ့ခြင်း မရှိ ခဲ့ပါဘူး။ ဒီအတွက် သူတို့ ၁ ကြိမ် ၂ ကြိမ် ကျော်ဖြတ် သွားနိုင် ခဲ့ပါတယ်။

နီကိုရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက် မှာ ကျွန်တော် သူ့ကို challenge တွေ သိပ်မလုပ်နဲ့တော့ ဆိုပြီး ကျွန်တော် မပြောနိုင် ပါဘူး။ ဒီအတွက်ကြောင့်ပဲ သူ့ကို လူစားလဲ ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ တစ်ခုတည်းသော အကြောင်းရင်းပါ။ ပြီးတော့ ကျွန်တော်တို့ ရော်ဘိုကို လူစားလဲ နိုင်ပါတယ်။ ကျွန်တော် သူ့ရဲ့ စွမ်းဆောင်ရည်ကို တအား နှစ်သက်ပါတယ်။

သူဟာ ယုံကြည်မှု ရှိရှိ ကစား သွားခဲ့တာကို ခင်ဗျားတို့ မြင်ရမှာပါ။ သူ ရုန်းကန် ခဲ့ရတဲ့ အခြေအနေ ၂ ခုပဲ ရှိပါတယ်။ အဝါကတ် ထိခဲ့တဲ့ ကိစ္စနဲ့ အခြား foul ဘော တစ်ခုပါ။ သူ ဒီကနေ လေ့လာသင်ယူ သွားမှာပါ။ ဒါဟာ လုံး၀ ပြသနာ မရှိပါဘူး။ ကျွန်တော် သူ ကစား သွားခဲ့တာကို အရမ်း နှစ်သက်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ သူတို့ရဲ့ trademark ဖြစ်တဲ့ high pressing တွေကနေ ပွဲချိန် ၈ မိနစ် အတွင်းမှာပဲ သွင်းဂိုး ၂ ဂိုး ရယူ နိုင်ခဲ့ပါတယ်။ ပထမပိုင်း မပြီးခင် ဘရိုက်တန်ဘက်က ချေပဂိုး ပြန်သွင်း ခဲ့တာကြောင့် ပွဲဟာ ပြန်လည် အသက်ဝင်လာ ခဲ့ပေမယ့်လည်း ပွဲပြီးခါနီး ၁၅ မိနစ် အလိုမှာ ဆာလားက ၃-၁ ဖြစ်စေမယ့် ဂိုးကို သွင်းယူ ခဲ့ပါတယ်။

ဘရိုက်တန်ရဲ့ စွမ်းဆောင်ရည် နဲ့ ပက်သက်ပြီး ကလော့ က “ပြိုင်ဘက်ကောင်းနဲ့ တွေ့ဆုံ ခဲ့ရပြီး ခက်ခဲတဲ့ ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ထိုက်တန်တဲ့ နိုင်ပွဲ ရခဲ့ပါတယ်။ ပွဲရဲ့ အရေးကြီး အခိုက်အတန့်တွေမှာ အလုပ်ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပါတယ်။

တစ်ပွဲလုံးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပွဲအစကော ပွဲရဲ့ အဆုံးသတ်ပိုင်း မှာပါ တအားကို ကောင်းခဲ့ပါတယ်။ ဒါဟာ ကြားထဲမှာ ကျွန်တော်တို့ ဘရိုက်တန် အတွက် အခွင့်အရေးတွေ ရအောင် လမ်းဖွင့် ပေးခဲ့ပါတယ်။

ဘရိုက်တန် ဘက်က တအား ကောင်းတာလည်း ပါပါတယ်။ သူတို့ဟာ ဘောလုံးကစားဟန် တကယ် ကောင်းပြီး စွန့်စားမှု အချို့လည်း လုပ်ခဲ့ပါတယ်။ တန်ပြန် တိုက်စစ်ကနေ ကောင်းကောင်း အန္တရာယ် ပေးခဲ့ပြီး ကျွန်တော်တို့ ၂ ကြိမ်လောက် ပင်နယ်တီ ဧရိယာအတွင်း ပိတ်ဆို့ ခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ ကျွန်တော်တို့ ဂိုးပေးလိုက်ရတာ ပါပဲ။ ပထမပိုင်း အပြီးမှာ ‘နှစ်သင်းစလုံး အတွက် ပွဲကြီးပွဲကောင်းပဲ။ ဒါပေမယ့် သူတို့ ဒီဂိုးနဲ့ ထိုက်တန်တယ်’ လို့ ကျွန်တော် ကောင်လေးတွေကို ပြောခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ကျွန်တော်တို့ တစ်ချို့ အရာတွေကို ချန်ညှိ ခဲ့ပြီး တစ်ချို့ အရာတွေကို ပိုကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ နောက်ထပ် သွင်းဂိုးတွေ ရယူနိုင်ဖို့ အခွင့်အရေးကောင်းတွေ ရခဲ့ပါတယ်။ ကျွန်တော်တို့ တောင်ပံ ကစားသမားတွေရဲ့ postions တွေကို အနည်းငယ် ချိန်ညှိ ခဲ့ပါတယ်။ ဒါပေမယ့် ခက်ခဲခဲ့ ပါတယ်။

သူတို့ဟာနောက်တန်း ကနေ ကစားကွက် စတင်တာကြောင့် ကျွန်တော်တို့ ဒီအတွက် ဗျူဟာ တစ်ချို့ ပြင်ဆင်ပြီး ကစား ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ဒီလို မလုပ်တော့တဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ ဗျူဟာက သိပ်ပြီး အလုပ်မဖြစ်တော့ ပါဘူး။ သွင်းဂိုး ၂ ဂိုး အတွက်ပဲ အလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ခြား အချိန်တွေမှာ ဒီလို မဟုတ်ခဲ့ပါဘူး။” လို့ ပြောသွားပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular