spot_img

ပထမအကျော့တွင် ဂိုးပြတ်ရှုံးထားသည့် ရီးယဲလ်ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်မည်ဟု အာမမခံနိုင်ကြောင်း ကလော့ပ် ပြောကြား

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)တွင် ဂိုးပြတ်ရှုံးထားသည့် ရီးယဲလ်အား အနိုင်ယူကာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်မည်ဟု အာမမခံနိုင်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်(ပထမအကျော့)တွင် ရီးယဲလ်အသင်းကို အဝေးကွင်း၌ (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ထားပြီး ဒုတိယအကျော့ပွဲစဉ်အဖြစ် ယနေ့(ဧပြီလ ၁၄ ရက်)တွင် အိမ်ကွင်း အန်ဖီးလ်၌ ကစားရမည်ဖြစ်သည်။

myan789

လီဗာပူးလ်အသင်းသည် ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် ပထမအကျော့၌ ဘာစီလိုနာအသင်းကို အဝေးကွင်းတွင် (၀-၃)ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း အိမ်ကွင်းတွင် (၄-၀)ဂိုးဖြင့် အနိုင်ရကာ နှစ်ကျော့ပေါင်း (၄-၃)ဂိုးဖြင့် အနိုင်ရခဲ့ဖူးသည်။

ထို့ကြောင့် လီဗာပူးလ်အသင်းအနေဖြင့် ယခုရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)တွင် ရီးယဲလ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ထားသော်လည်း ဒုတိယအကျော့တွင် အိမ်ကွင်း၌ အနိုင်ယူကာ နောက်တစ်ဆင့်တက်နိုင်လိမ့်မည်ဟု လီဗာပူးလ်ပရိသတ်အချို့က ပြောဆိုနေကြသည်။

သို့သော် ယာဂန်ကလော့ပ်က “အတိတ်မှာ ဖြစ်ခဲ့တာတွေကြောင့် အခုထပ်ဖြစ်မယ်လို့ ပြောလို့မရပါဘူး။ အရင်တုန်းကလို Comeback လုပ်နိုင်မယ်လို့ ကျွန်တော် အာမမခံနိုင်ပါဘူး။ အခု နောက်တစ်ဆင့်တက်ချင်ဆိုရင် အကောင်းဆုံးကစားနိုင်ဖို့ လိုပါတယ်။ အခု ကျွန်တော်တို့ ပထမအကျော့မှာ ရီးယဲလ်အသင်းကို (၃-၁)ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။ ဒီရလဒ်အရဆိုရင် ကျွန်တော်တို့ ပြိုင်ပွဲက ထွက်သွားပြီလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကြိုးစားခွင့်ရှိသေးတယ်။ ရီးယဲလ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်တက်မယ်လို့ ကျွန်တော်တို့ အာမမခံနိုင်ပါဘူး။ အထူးသဖြင့် အန်ဖီးလ်မှာ ပရိသတ်တွေ မရှိနိုင်တဲ့ အခုလိုအနေအထားမျိုးမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အစွမ်းကုန်ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။

ထို့ပြင် ယာဂန်ကလော့ပ်က ရီးယဲလ်အသင်းကို အနိုင်ယူပြီး နောက်တစ်ဆင့်တက်လိုလျှင် အသင်းခံစစ်ပိုင်းက အမှားအယွင်းမရှိကစားနိုင်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular