spot_img

ပထမပိုင်းခြေစွမ်းကို ဆက်မထိန်းထားနိုင်သောကြောင့် လီဗာပူးနှင့် သရေကျခဲ့ခြင်းဖြစ်ကြောင်း အာတီတာပြောဆို

တနင်္ဂနွေနေ့ညက အန်ဖီးတွင် ကစားသည့်ပွဲတွင် အာဆင်နယ်သည် လီဗာပူးကို ၂ ဂိုးစီသရေကျခဲ့သည်။ အာဆင်နယ်သည်ပွဲချိန် ၈ မိနစ်တွင် မာတင်နယ်လီ ပွဲချိန် ၂၈ မိနစ်တွင် ဂျေဇုတို့၏သွင်းဂိုးများဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ချေပဂိုးနှစ်ဂိုးပြန်ပေးရပြီး နှစ်ဂိုးစီသရေကျခဲ့ခြင်းဖြစ်သည်။

လီဗာပူးအတွက်ချေပဂိုးများကို ပွဲချိန် ၄၂ မိနစ်တွင် ဆာလာနှင့်ပွဲချိန် ၈၇ မိနစ်တွင် ဖာမီနိုတို့ကသွင်းယူခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၅၄ မိနစ်တွင် ဆာလာသည် ပင်နယ်တီတစ်လုံးကန်ခွင့်ရခဲ့သော်လည်း တိုင်ဘေးမှ ကပ်၍ ထွက်သွားသဖြင့် လီဗာပူးတို့ တစ်ဂိုးနစ်နာခဲ့ရသည်။

myan789

ပွဲအပြီးတွင် အာတီတာက အာဆင်နယ်သည် ပွဲအစပိုင်းတွင်ကောင်းမွန်သော်လည်း နောက်ပိုင်းတွင် ပွဲကို မထိန်းချုပ်နိုင်ကြောင်း လီဗာပူးအနေဖြင့် သရေတစ်မှတ်နှင့် ထိုက်တန်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

“ပြိုင်ဆိုင်မှုက တကယ်ကိုပြင်းထန်ခဲ့ပါတယ်။ ပထမပိုင်းပြီးကာနီးမှာ အာဆင်နယ်က ချေပဂိုးတစ်ဂိုး ပြန်ပေးလိုက်ရတယ်။ ဒါကြောင့်ပဲ ပွဲရဲ့အရှိန်က အပြောင်းအလဲဖြစ်သွားတယ်။ ဒုတိယပိုင်းပြန်အစမှာ ပွဲကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း မထိန်းချုပ်နိုင်ခဲ့ပါဘူး။ အပြောင်းအလဲများတဲ့ပွဲတစ်ပွဲဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့က နှစ်ဂိုးသုံးဂိုးလောက်ရသွားနိုင်သလို လီဗာပူးကလည်း နှစ်ဂိုးသုံးဂိုးလောက်သွင်းတာမျိုးဖြစ်လာနိုင်ပါတယ်။ ပထမပိုင်းက ခြေစွမ်းမျိုး ဆက်ထိန်းထားနိုင်မယ်ဆိုရင် ကျွန်တော်တို့ အနိုင်သုံးမှတ်ရနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုခြေစွမ်းမျိုးကိုလည်း မထိန်းထားနိုင်ခဲ့ပါဘူး။ ဒါကြောင့်တစ်မှတ်ပဲ ရခဲ့တာပေါ့”ဟု အာတီတာက ပြောဆိုလိုက်သည်။

လီဗာပူးနှင့်ပွဲအပြီးတွင် အာဆင်နယ်သည် ပရီးမီးယားလိဂ်တန်းစီဇယားတွင် ပွဲ ၃၀ ကစား ၇၃ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေဆဲဖြစ်သည်။ သို့ရာတွင် ဒုတိယနေရာမှ မန်စီးတီးသည် အာဆင်နယ်ထက်တစ်ပွဲလျော့ဖြင့် ၆ မှတ်အကွာမှ ကပ်လိုက်နေသည်။ မန်စီးတီးသည် ဧပြီလ ၂၆ ရက်တွင် အာဆင်နယ်နှင့် အီတီဟက်တွင် ကစားရန်ရှိနေပြီး အဆိုပါပွဲစဉ်သည် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဆုံးအဖြတ်ဖြစ်လာနိုင်သည်။

အာဆင်နယ်သည် အန်ဖီးတွင် လီဗာပူးနှင့်နောက်ဆုံး ကစားသည့် ၁၀ ပွဲတွင် သုံးပွဲသရေကျကာ ၇ ပွဲရှုံးနိမ့်ထားပြီး တစ်ပွဲမျှအနိုင်ရခြင်း မရှိသေးချေ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular