spot_img

ပင်နယ်တီ ကန်သွင်းတာနဲ့ ပတ်သက်လို့ ပေါလ် စခိုးလ်ရဲ့ ဝေဖန်မှုကို တုန့်ပြန်လိုက်တဲ့ ရပ်ရှ်ဖို့

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ် ချန်ပီယံလိဂ် ပွဲစဉ် အတွင်း အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်းကို ရင်ဆိုင် ကစားရာမှာ 4 – 1 ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ်မှာ ယူနိုက်တက် အတွက် ဂိုးတွေကို ဘရူနို ( 2 ဂိုး ) ၊ ရပ်ရှ်ဖို့ နဲ့ ဒန်နီယယ် ဂျိမ်းစ် တို့က သွင်းပေးခဲ့ကြ ပါတယ် ။

ဘရူနို ဖာနန်ဒက်စ်ဟာ ပွဲချိန် အစောပိုင်း မိနစ် ကတည်းက 2 ဂိုး သွင်းယူ ခဲ့ချိန် ရပ်ရှ်ဖို့ကြောင့် ယူနိုက်တက်တို့ ပင်နယ်တီ ရရှိ ခဲ့ကြပါတယ် ။ ဒါပေမယ့် ယူနိုက်တက် အတွက် ပင်နယ်တီတွေကို ပင်တိုင် ကန်တဲ့ ဘရူနိုဟာ ကိုယ်တိုင် မကန်သွင်းခဲ့ပဲ အသင်းဖော် ရပ်ရှ်ဖို့ကိုပဲ ပင်နယ်တီ ကန်စေခဲ့ ပါတယ် ။

myan789

အဆိုပါ အဖြစ်အပျက် အပေါ် ယူနိုက်တက် ဂန္ဓဝင် ပေါလ် စခိုးလ် က ဘရူနို ဘာကြောင့် ပင်နယ်တီ မကန်ခဲ့တာလဲ ဆိုတာကို နားမလည် နိုင်အောင် ဖြစ်မိကြောင်း ၊ ဥရောပမှာ ဟတ်ထရစ် သွင်းယူဖို့ လုပ်ဆောင်ခဲ့သင့်ကြောင်း ၊ ဒါပေမယ့် တူညီတဲ့ ရလဒ် ထွက်ပေါ် ခဲ့တဲ့ အတွက် အဆင်ပြေကြောင်း ဝေဖန် သုံးသပ် ခဲ့ပါ သေးတယ် ။

အခြား တစ်ဖက် မှာတော့ ဘရူနို ဖာနန်ဒက်စ် ကိုယ်တိုင် ကလည်း ရပ်ရှ်ဖို့ကို နောက် တစ်ကြိမ် ပင်နယ်တီ ပေးကန်မယ်လို့ ကတိခံထား ခဲ့ကြောင်း ၊ ဒါ့အပြင် အသင်းဖော် က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး ကစားသမား တစ်ဦး အဖြစ်တဲ့ အတွက် ဒီဂိုးက သူ့ကို အထောက်အကူ ဖြစ်စေလိမ့်မယ် လို့ ပြန်လည် ဖြေကြား ခဲ့ပါ သေးတယ် ။

အခုတော့ ရပ်ရှ်ဖို့ ကလည်း အသင်းဖော် ဘရူနို ဖာနန်ဒက်စ် ဟာ ဘာကြောင့် သူ့ကို ပင်နယ်တီ ကန်သွင်းခွင့် ပေးခဲ့ သလဲ ဆိုတာကို ရှင်းပြရင်း ဂန္ဓဝင် ကစားသမားဟောင်း ဖြစ်သူ ပေါလ် စခိုးလ် ရဲ့ ဝေဖန်မုှ ကို ပြန်လည် တုန့်ပြန် ဖြေကြား သွားခဲ့လိုက် ပါတယ် ။

” လက်ပ်ဇစ် နဲ့ ကျွန်တော်တို့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း တူညီတဲ့ အဖြစ်အပျက် တစ်ခု ရှိနေခဲ့ ပါတယ် ။ အဲ့ဒီ ပွဲစဉ်မှာ တုန်းက ကျွန်တော်သာ ပင်နယ်တီ ကန်ခဲ့မယ် ဆိုရင် ကစားသမား ဘဝရဲ့ ပထမဆုံး ဟတ်ထရစ် ဂိုးကို ပိုင်ဆိုင် ခဲ့မှာပါ ” ( ပွဲချိန် 90+’ မိနစ်မှ သွင်းဂိုးကြောင့် ဟတ်ထရစ် ရခဲ့ )

” ဒါပေမယ့် တိုက်စစ်မှူး တစ်ဦး အနေနဲ့ ဂိုးတွေ ပုံမှန် သွင်းယူ နိုင်မှသာ ယုံကြည်မှု တွေကို ပိုင်ဆိုင် နိုင်မှာပါ ။ ဒါ့ကြောင့် အဲ့ဒီ ပွဲစဉ်မှာ တိုနီ ( အန်သိုနီ မာရှယ် ) အတွက် ဂိုး ပြန်လည် သွင်းယူ နိုင်ရေး ဆိုတာက ကျွန်တော်တို့ အတွက် အရေးကြီးခဲ့ ပါတယ် ။ ဒါ့ကြောင့် သူ ပင်နယ်တီ ကန်ခဲ့တာပါ ”

” အဆုံးသတ်မှာ ကျွန်တော် ဟတ်ထရစ် ရနိုင် ခဲ့တဲ့ အတွက် ၊ ခက်ခဲတဲ့ ပြိုင်ဖက်ကို အခုလို အနိုင်ယူ နိုင်ခဲ့တဲ့ အတွက် ပျော်ရွှင် ခဲ့ရ ပါတယ် ။ အဲ့ဒီ အချိန်မျိုးမှာ ကျွန်တော်တို့ အတွက် အရေး အကြီးဆုံးက အသင်းသား အားလုံးက ခံစားချက်တွေ ကောင်းမွန် နေခဲ့တာ ပါပဲ ”

” ကျွန်တော်တို့ တွေဟာ ယုံကြည်ချက် မြင့်တက် နေခဲ့ပြီး စိတ်ဓါတ် တက်ကြွမှု တွေနဲ့ အတူ နောက်တစ်ပွဲမှာ အနိုင် ကစားဖို့ စိတ်ဓါတ် ခွန်အားတွေ ပိုင်ဆိုင် နိုင်ခဲ့ကြ ပါတယ် ။ ဒါက အလုပ်များတဲ့ အခိုက်အတန့် တွေပါ ။ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ အသင်း အနိုင် ရရှိဖို့ အတွက် ကျွန်တော်တို့ အားလုံး ကဏ္ဍ တစ်ခုစီမှာ ပါဝင် နိုင်ခဲ့ကြ ပါတယ် ” လို့ ရပ်ရှ်ဖို့ က ပြန်လည် ဖြေကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular