spot_img

ပက်ဂွာဒီယိုလာနဲ့ ပတ်သက်ပြီး ဝန်ခံမှု တခု လုပ်ရင်း ၊ သူ့အနာဂတ်ကို ဘယ်အချိန်မှာ ဆုံးဖြတ်ချက် ချသွားမလဲ ဆိုတာ ထုတ်ဖော်လာတဲ့ အဲလ်ဗားရက်ဇ်

မန်စီးတီး အသင်းရဲ့ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗားရက်ဇ်ဟာ လက်ရှိ နွေရာသီ ဈေးကွက် အတွင်း အခြားသော ပရီးမီးယားလိဂ် ပြိုင်ဖက် ၂သင်း ဖြစ်တဲ့ ချဲလ်ဆီး ၊ အာဆင်နယ်တို့နဲ့ အပြောင်းအရွှေ့ ကောလဟလ တချို့ ထွက်ပေါ်ထားပါတယ် ။

အသက် ၂၄နှစ် အရွယ်ရှိ အဲလ်ဗားရက်ဇ်ဟာ ၂၀၂၂ နွေရာသီ ကာလမှာ ရေးဗားပလိတ်ကနေ မန်စီးတီးကို ပေါင် ၁၄သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ၊ ပြိုင်ပွဲစုံ ၁၀၃ပွဲ ကစားပေးထားကာ ၊ ၃၆ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ် ။

myan789

ပြီးခဲ့တဲ့ ရာသီ မန်စီးတီးရဲ့ မိနစ် အများဆုံး ကစားသမား ၁၀ဦး စာရင်းဝင်ထားသည့်တိုင် ၊ အဲလ်ဗားရက်ဇ်ဟာ ထိုထက် ပိုပြီး ကစားခွင့်တွေ အလိုရှိနေတာကြောင့် ၊ လက်ရှိ ဈေးကွက် အတွင်း သူ့ရဲ့ အပြောင်းအရွှေ့ သတင်းတွေက ပိုအသံထွက်လာခြင်း ဖြစ်ပါတယ် ။

လောလောဆယ်မှာ အာဂျင်တီးနား ယူ၂၃ အသင်းနဲ့ အတူ ပြင်သစ် အိုလံပစ် ပြိုင်ပွဲ ဆင်နွှဲနေတာကြောင့် အဲလ်ဗားရက်ဇ်ဟာ ဒီပြိုင်ပွဲ ပြီးဆုံးမှ သူ့အနာဂတ် အကြောင်း ဆုံးဖြတ်ချက် ချသွားမယ့် အကြောင်းနဲ့ စီးတီး နည်းပြ ပက်ဂွာဒီယိုလာမှ သူ့ကို အရေးကြီး ပွဲတချို့မှာ ချန်လှပ်ခဲ့တဲ့ အပေါ်လည်း စိတ်ပျက်မိကြောင်း ထုတ်ဖော်ဝန်ခံလာပါတယ် ။

DitectTV Sport နဲ့ တွေ့ဆုံရာမှာ အဲလ်ဗားရက်ဇ် က ” ကျွန်တော် ဘာဆက်လုပ်သွားဖို့ စဉ်းစားတာကို ရပ်တန့်သွားမှာ မဟုတ်ပါဘူး ။ ဒီပြိုင်ပွဲ ပြီးတာနဲ့ ကျွန်တော့ အနာဂတ် အတွက် စပြီး တွေးတောသွားပါမယ် ။ အဲဒီကနေပြီး ဘာတွေဆက်ဖြစ်မလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့ ။ ”

While making a confession about Pep Guardiola, Alvarez revealed when he will make a decision on his future

” ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကျွန်တော်ဟာ အသင်းအတွက် မိနစ် အများဆုံး ကစားခွင့် ရခဲ့တဲ့ ကစားသမား တယောက် ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် အဆုံးမှာတော့ အရေးကြီးတဲ့ ပွဲတွေမှာ ခင်ဗျားဟာ ချန်လှပ်မခံချင်တာ အမှန်ပါပဲ ။ ခင်ဗျားဟာ အသင်းအတွက် တစိတ်တပိုင်း ပါဝင်ချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ သိပ်မကြာသေးခင်ကပဲ ကိုပါအမေရိကမှာ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ အဲလ်ဗားရက်ဇ်ဟာ ဟာဗီယာ မာရှေယာနို ဦးဆောင်တဲ့ အာဂျင်တီးနား ယူ၂၃ အသင်းနဲ့ အတူ အိုလံပစ်ပြိုင်ပွဲ ဆက်လက် ဆင်နွှဲနေတာ ဖြစ်ပြီး ၊ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ဖို့ကို တာစူနေပါတယ် ။

အာဂျင်တီးနားဟာ အုပ်စု အဖွင့်ပွဲမှာ မော်ရိုကိုကို အငြင်းပွားဖွယ် ၊ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပေမယ့် ၊ ဒုတိယပွဲမှာ အီရတ်ကို ၃ – ၁ နဲ့ အနိုင်ရခဲ့ပါတယ် ။ ယနေ့ညမှာတော့ ၎င်းတို့ဟာ အုပ်စု နောက်ဆုံးပွဲ အဖြစ် ယူကရိန်းနဲ့ ဆက်လက်ကစားသွားဖို့ ရှိပါတယ် ။

 Alvarez said I will not stop thinking about what to do next. After this competition, I will start thinking about the future. We will wait and see what happens from there

အိုလံပစ် ရွှေတံဆိပ် အိပ်မက်နဲ့ ပတ်သက်ပြီး အဲလ်ဗားရက်ဇ် က ” အုပ်စု အဖွင့်ပွဲမှာ ရှုံးခဲ့ပေမယ့် ကျွန်တော်တို့ ရှေ့ဆက် ကြိုးစားသွားပါမယ် ။ အနိုင်ရခြင်းနဲ့ အသားကျနေခြင်းက အကောင်းဆုံး အရာပါပဲ ။ ဒါက မေဂျာလိဂ်တွေမှာ ကျွန်တော်တို့ စွမ်းဆောင်ပြထားတဲ့ အရာတွေပါပဲ ။ ဒီမှာလည်း ဒါကို ဆက်လက် အသုံးချနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular