ပက်ဂွာဒီယိုလာကို တောင်းပန်ရင်း ၊ ပွဲပြီးပြီးချင်း အန်သိုနီ တေလာအပေါ် အပြေးအလွှား ပေါက်ကွဲခဲ့တဲ့ အကြောင်းကိုလည်း ရှင်းပြလာတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အမှတ်ပေးဇယားထိပ်က လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းကို အပြန်အလှန် သွင်းဂိုးတွေနဲ့ ခြေရည်တူ ကစားကာ ၊ တဖက် ၄ဂိုးစီ သရေ ရလဒ်နဲ့ တမှတ်စီ ခွဲယူသွားခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီးဟာ ၃ကြိမ်တိုင်တိုင် ရှုံးတဲ့ အနေအထားကနေ လိုက်ကစားခဲ့ရပြီး ၊ လိုအပ်တဲ့ အချိန်တွေမှာ ချေပဂိုးတွေ သွင်းယူနိုင်ခဲ့တာကြောင့် စီးတီးဆီကနေ သရေတမှတ် ရခဲ့တာ ဖြစ်ပါတယ် ။ နိုင်ငံတကာ ပွဲကာလ မတိုင်ခင် အခုလို အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်နဲ့ လက်ရှိ ချန်ပီယံတွေကို ယှဉ်ကစားနိုင်ခဲ့တာက ခြင်္သေ့ပြာတို့ အတွက် ကျေနပ်အားရစရာ ဖြစ်မှာ သေချာပါတယ် ။

myan789

ပွဲပြီးပြီးချင်းမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ ကွင်းလယ်ဒိုင် အန်သိုနီ တေလာဆီသို့ ပြေးပြေးလွှားလွှား ရန်တွေ့အော်ဟစ်ခဲ့ပြီး ၊ အခြားသော ချဲလ်ဆီး နည်းပြ အဖွဲ့ဝင်တွေက လိုက်လံတားဆီးခဲ့လို့ အခြေအနေက အရမ်း ရုတ်ရုတ်သဲသဲ မဖြစ်သွားခဲ့တာကို တွေ့ရပါတယ် ။

ဒါ့အပြင် ပိုချက်တီနိုဟာ ယင်းအပြုအမူကြောင့် တေလာထံမှ အဝါကတ် ပြသခံခဲ့ရပါတယ် ။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ပိုချက်တီနိုက ထိုအခြင်းအရာနဲ့ ပတ်သက်ပြီး ပြန်လည် ရှင်းလင်းရင်း ၊ အန်သိုနီ တေလာကိုပါ တောင်းပန်စကား ဆိုသွားပါတယ် ။

ပိုချက်တီနို က ” ကျွန်တော် အန်သိုနီနဲ့ စည်းကြပ်ဒိုင်တွေ အပြင် စတုတ္ထဒိုင်ကိုပါ တောင်းပန်ဖို့ လိုပါတယ် ။ အဲဒီ အခိုက်အတန့်မှာ ရာဟင်းက ဘောလုံး ရပြီး ပြေးထွက်သွားတာကြောင့် ၅လုံးမြောက် သွင်းဂိုး ရကောင်းရသွားနိုင်တာ ဖြစ်လို့ ၊ ပွဲသိမ်းခရာ မှုတ်ခဲ့တဲ့ အန်သိုနီကို ကျွန်တော်က ‘ What the … ´ ဆိုပြီး ဘာညာ လှမ်းပြောခဲ့ပါတယ် ။ ”

” နောက်ပြီး ကျွန်တော်က ‘ ဘာလို့ ခင်ဗျား ဒီအခိုက်အတန့်ကို ရပ်ပစ်လိုက်ရတာလဲ ? မင်းလုပ်ရပ်က မဟုတ်သေးဘူးကွာ ‘ ဆိုပြီး ထပ်ပြောခဲ့ပါတယ် ။ ပြီးမှ ကျွန်တော်က ‘ ငါ အဝါပြခံရဖို့ ထိုက်တန်ပါတယ် ‘ လို့ သူ့ကို ပြန်ပြောခဲ့ပါတယ် ။ ”

” ဟုတ်ပါတယ် ။ ကျွန်တော် ဘောင်ကျော်သွားခဲ့ပါတယ် ။ ဒီအတွက် ကျွန်တော် တောင်းပန်ပါတယ် ။ ဒါက ကျွန်တော့အတွက် ၊ ဘောလုံးအတွက် ပုံရိပ်ကောင်း တခု ၊ အပြုအမူကောင်း တခုတော့ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အန်သိုနီ တေလာ အပေါ် အာရုံစိုက်လွန်းနေခဲ့တာကြောင့် ပိုချက်တီနိုဟာ ပွဲအပြီး စီးတီး နည်းပြ ပက်ဂွာဒီယိုလာထံမှ လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းလှမ်းခဲ့တာကို ကျော်လွန်သွားခဲ့ပါတယ် ။ ဒီအပေါ် ပိုချက်တီနိုက ပက်ထံ အခုလိုပဲ တောင်းပန်သွားပါတယ် ။

ပိုချက်တီနို က ” သူ့ကိုလည်း ကျွန်တော် တောင်းပန်ချင်ပါတယ် ။ ဘာလို့လဲဆိုတော့ အဲဒီအချိန် ကျွန်တော် စောဒကတက်ဖို့ကိုပဲ အာရုံစိုက်နေခဲ့တာကြောင့် သူ လက်ဆွဲလာနှုတ်ဆက်တာ မမြင်ခဲ့လို့ပါ ။ ဒီအတွက် ပက်ကို ကျွန်တော် တောင်းပန်ချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular