spot_img

နှလုံးပြဿနာနှင့် ရင်ဆိုင်နေရသည့် အဂွဲရိုးကို စာနာအားပေးကြောင်း ဘရာဇီးလ်နှင့်ပွဲမတိုင်မီ အာဂျင်တီးနားကစားသမားများ ပြသခဲ့

အာဂျင်တီးနားကစားသမားများသည် ဘရာဇီးလ်နှင့် ကစားခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမစတင်မီ နှလုံးပြဿနာနှင့် ရင်ဆိုင်နေရသည့် အသင်းဖော်တိုက်စစ်မှူး အဂွဲရိုးကို စာနာအားပေးကြောင်း Banner ကိုင်ဆောင်ကာ ပြသခဲ့ကြကြောင်း သိရသည်။

ဘာစီလိုနာတိုက်စစ်မှူး အဂွဲရိုး (၃၃ နှစ်)သည် အောက်တိုဘာ (၃၀)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ဘာစီလိုနာ(၁-၁)အလာဗတ်စ်ပွဲတွင် နှလုံးခုန်နှုန်း ပုံမှန်မဟုတ်သောဖြစ်စဉ်ကြောင့် အသက် ရှူကျပ်သည့်ဝေဒနာကို ခံစားခဲ့ရကာ ဆက်ကစားနိုင်ခြင်းမရှိသဖြင့် ပထမပိုင်းပြီးခါနီး၌ လူစားလဲခဲ့ရသည်။

myan789

အဂွဲရိုးသည် အဆိုပါနှလုံးပြဿနာကြောင့် (၃)လခန့် အနားယူရမည်ဟု ဘာစီလိုနာအသင်းက အတည်ပြုခဲ့သော်လည်း နောက်ပိုင်းစစ်ဆေးမှုများအရ ၎င်းအနေဖြင့် ကစားသမားဘဝမှ အနားယူရ နိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်။

သို့သော် အဂွဲရိုးက မိမိအနေဖြင့် အကောင်းမြင်နေဆဲဖြစ်ပြီး ဘောလုံးဆက်ကစားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ယခုအခါ မက်ဆီ ဦးဆောင်သည့် အာဂျင်တီးနားကစားသမားများက ဘရာဇီးလ်နှင့် (ဝ-ဝ)ဂိုးဖြင့် သရေကျသည့် ပွဲမစတင်မီတွင် အဂွဲရိုးကို စာနာကြောင်း ပြသခဲ့ခြင်းဖြစ်သည်။

အာဂျင်တီးနားကစားသမားသည် အဂွဲရိုး၏ရုပ်ပုံနှင့်အတူ “ငါတို့ အားလုံး မင်းဘက် ကရှိတယ် ကင်မ်”စာသားပါ Banner ကို ကိုင်ဆောင်ကာ အဂွဲရိုးကိုစာနာကြောင်း ပြသခဲ့သည်။

အာဂျင်တီးနားအသင်းသည် ဘရာဇီးလ်နှင့်ပွဲအပြီးတွင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular