လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က လာမည့် နှစ်ပေါင်း၂၀ သို့မဟုတ် ၃၀ အတွင်း ဘောလုံးလောကကို နယူးကာဆယ်အသင်း စိုးမိုးလိမ့်မည်ဟု ပြောကြားခဲ့သည်။
နယူး ကာဆယ်အသင်းကို ဆော်ဒီအိမ်ရှေ့မင်းသား ဦးဆောင်သည့် ကုမ္ပဏီက ဝယ်ယူခဲ့ပြီး နောက် နယူးကာဆယ်အသင်းမှာ PSG ၊ မန်စီးတီးတို့ကဲ့သို့ ထိပ်တန်းအသင်းဖြစ်လာမည်ဟု ဘောလုံးကျွမ်းကျင်သူများက သုံးသပ် နေကြသည်။
ယာဂန်ကလော့ပ်က “နယူးကာဆယ်အသင်းဟာ ကမ္ဘာ့အချမ်းသာဆုံးမိသားစု ပိုင်ဆိုင်တဲ့အသင်း ဖြစ်လာခဲ့ပါပြီ။ ဒါကြောင့် သူတို့အတွက် အခွင့်အလမ်းကောင်း တွေများစွာရှိပါတယ်။ နယူးကာဆယ်အသင်း အနေနဲ့ နှစ်အနည်းငယ်အတွင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ပြီး လာမယ့်နှစ်ပေါင်း ၂၀ ဒါမှမဟုတ် ၃၀ အတွင်း ဘောလုံးလောကကို လွှမ်းမိုးနိုင်တဲ့အသင်း ဖြစ်လာပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။