နံနက်ခင်း အားကစားသတင်းများ ( ၃ ထပ်ကွမ်း ဖီဖာဥက္ကဌ ၊ မြွေပါလည်းဆုံး သားလည်းဆုံးတဲ့ ဂန်းနား ၊ ကွန်းဖရန့်စ်လိဂ် ကွာတား အပါအဝင် နောက်ဆုံးရသတင်းများ )

ယမန်နေ့ ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းဆင့် ဒုတိယ အကျော့ ပွဲစဉ်တွေ အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် ၊ ဆီဗီးလား ၊ ရိုးမား တို့ဟာ ကွာတားဖိုင်နယ် အဆင့်တွေကို တက်လှမ်း လာနိုင် ခဲ့ကြပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ပထမ အကျော့တုန်းက ဂိုးပြတ် အနိုင်ရထားတဲ့ ရီးရဲဘက်တစ် အသင်းကို စပိန်မြေပေါ်မှာ သွားရောက် ကစားခဲ့ရပြီး မားကပ် ရက်ဖိုဒ့် ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိခဲ့ ပါတယ် ။

myan789

အာဆင်နယ် ကတော့ စပို့တင်း လစ္စဘွန်းကို ၁ ဂိုးစီ သရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူ ခဲ့ရပြီး မာတင်နယ်လီ ရဲ့ ပင်နယ်တီ မဝင်မှု နဲ့ အတူ အရေးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရ ပါတယ် ။

အာဆင်နယ် အသင်းရဲ့ နောက်ခံလူ တိုမီယာဆု နဲ့ ဝီလ်ယံ ဆလီဘာ တို့ ဟာ အဆိုပါ ပွဲမှာ ဒဏ်ရာ ရရှိ သွားခဲ့ကြပြီး ဘယ်လောက် ကြာကြာ နားရမလဲ ဆိုတာကိုတော့ မထုတ်ပြန်ထား သေးပါဘူး ။

ယူရိုပါ ကွန်းဖရန့်စ် လိဂ် မှာတော့ ဂျန့် ၊ ဘေဆယ် ၊ လက်ချ် ပေါ့ဇ်နန် ၊ ဖီအိုရင်တီးနား ၊ အေဇက် အယ်ခမာ ၊ ဝက်စ်ဟမ်း ၊ အန်ဒါလက်ချ် နဲ့ နိစ် အသင်းတို့ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းလာခဲ့ ကြပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဖရန့်ဖတ် အသင်းမှာ ကစားနေတဲ့ ပြင်သစ် တိုက်စစ်မှူး ကိုလို မူအာနီ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။

ယူနိုက်တက် ကို ဝယ်ယူဖို့ ပြင်ဆင် နေတဲ့ ရှိတ် ဂျာဆင်း ဘင်ဟာမက် အယ်သာနီ နဲ့ ဆာ ဂျင် ရတ်ကလစ် တို့ဟာ ဒုတိယ အကြိမ် ကမ်းလှမ်းမှု ကို ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ် ။

မန်ချက်စတာ စီးတီး အသင်းကတော့ လူငယ် တိုက်စစ်မှူးလေး ဟူလီယံ အယ်လ်ဗာရက်ဇ် ကို ၂၀၂၈ ခုနှစ် အထိ စာချုပ် သက်တမ်း တိုးလိုက်ပြီး တပတ်ကို လုပ်ခ ပေါင် ၁ သိန်း ခန့် ရရှိတော့မယ်လို့ သိရပါတယ် ။

ခရစ္စတယ် ပဲလေ့စ် ဘုတ်အဖွဲ့ဟာ ၂၀၂၃ ထဲမှာ နိုင်ပွဲ လုံး၀ မရရှိသေးတဲ့ အသင်း နည်းပြ ပက်ထရစ် ဗီယာရာ အပေါ် စိတ်ရှည်မှု ကုန်ဆုံးစ ပြုလာပြီး ယခု အပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ရလဒ် မကောင်းခဲ့ပါက ထုတ်ပယ်ဖို့ စိတ်ကူးနေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

ချဲလ်ဆီး နောက်ခံလူ ဝီစလေ ဖိုဖာနာ ဟာ နယ်သာလန် ၊ အိုင်ယာလန် တို့နဲ့ ကစားမယ့် ပြင်သစ် အသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ လူစာရင်းမှာ ပါဝင် သွားခဲ့တယ်လို့ သိရပါတယ် ။ ဒါဟာ ဖိုဖာနာ အတွက် လက်ရွေးစင် အသင်းမှာ ပထမဆုံး ပါဝင်ခွင့် ရရှိမှု ဖြစ်လာခဲ့ ပါတယ် ။

ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဖီဖာ ဟာ လာမယ့် အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဆုကြေး ကို ဒေါ်လာ သန်း ၁၁၀ အထိ ပေးအပ် ချီးမြှင့် သွားမယ်လို့ ထုတ်ပြန် ခဲ့ပါတယ် ။ ဒါဟာ ၂၀၁၉ တုန်းက ဆုကြေးထက် ၃ ဆ ပိုလာခဲ့တာလို့ သိရပါတယ် ။

ဖီဖာ ဥက္ကဌ အင်ဖန်တီနို ကတော့ ဥက္ကဌ သက်တမ်း အတွက် တတိယ အကြိမ် ထပ်မံ ရွေးချယ် ခံခဲ့ရပါတယ် ။ ဒါကြောင့် သူဟာ ၂၀၂၇ ခုနှစ် အထိ ဆက်လက် တာဝန် ထမ်းဆောင် ရတော့မှာပါ ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular