spot_img

နောက်ထပ် (၂)လနီးပါးလောက်အထိ ထပ်မံ အနားယူသွားရနိုင်တဲ့ နေမာ

ကစားသမားဘဝမှာ ဒဏ်ရာ ပြသာနာတွေနဲ့ပဲ ဖြတ်သန်းနေရတဲ့ ဘရာဇီးလ် စူပါစတား တိုက်စစ်ကစားသမား နေမာကတော့ ဘောလုံးပြန်ကစားရဖို့အတွက် နောက်ထပ် (၂)လနီးပါးလောက်အထိ ဆက်လက် အနားယူသွားရနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ် လက်ရွေးစင် ကြယ်ပွင့်ကစားသမား နေမာဟာ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုပြီးရင် အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ခံရတဲ့ အရည်အသွေးမြင့် ကစားသမား ဖြစ်ပေမယ့် ဒဏ်ရာပြသာနာဆိုးတွေနဲ့ကတော့ မကြာခဏ ကြုံတွေ့နေရတက်ပါတယ်။

myan789

ပြီးခဲ့တဲ့နှစ် နွေတုန်းက ပီအက်စ်ဂျီကနေ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဆီ ပေါင် (၇၈)သန်းနဲ့ ပြောင်းရွှေ့ပြီး အောက်တိုဘာမှာ ACL Injury ရသွားခဲ့တဲ့ နေမာဟာ အခုအချိန်ထိ အယ်လ်ဟီလာအတွက် စုစုပေါင်း ပွဲစဉ် (၅)ပွဲကိုသာ ပါဝင်ကစားနိုင်ခဲ့ပြီး ပွဲတော်တော်များများကိုတော့ လွဲချော်ထားခဲ့ရပါတယ်။

အယ်လ်ဟီလာအတွက် ပွဲပေါင်း (၅၀)ခန့်လောက်အထိ လွဲချော်ထားခဲ့ရတဲ့ နေမာဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့အတွက် ကုထုံးတွေ အပေါ့စား လေ့ကျင့်ခန်းတွေ လုပ်ဆောင်နေခဲ့ပေမယ့် ကာယကုထုံးရှင်တစ်ဦးက နေမာရဲ့ Jumping လေ့ကျင့်ခန်းတွေမှာ နေမာ ဒူးက အားနည်းနေသေးတဲ့ လက္ခဏာမျိုးတွေ ပြသနေသေးတယ်လို့ သုံးသပ်ထားပါတယ်။

Neymar is considered the best player after Lionel Messi and Cristiano Ronaldo

ဒီအခြေအနေတွေအရဆိုရင် နေမာဟာ ဘောလုံး ပြန်ကစားဖို့ မလွယ်ကူနိုင်သေးပဲ နောက်ထပ် အနည်းဆုံး (၂)လခန့်လောက်အထိ ထပ်မံ အနားယူသွားရနိုင်တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်ဟီလာကတော့ နေမာ မကစားနိုင်သေးရင်တောင်မှ ဆော်ဒီလိဂ်ရဲ့ အင်အားအကောင်းဆုံး အသင်းအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။

နေမာဟာ အယ်လ်ဟီလာအတွက် စုစုပေါင်း (၅)ပွဲသာ ကစားထားရပြီးချိန်မှာ (၁)ဂိုးသွင်း (၃)ဂိုးဖန်တီးထားနိုင်ခဲ့ပြီး ဆော်ဒီပရိုလိဂ် အမှတ်ပေး ချန်ပီယံဆုကိုလည်း ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ နေမာဟာ အယ်လ်ဟီလာအသင်းနဲ့ စာချုပ်သက်တမ်း (၉)လသာ ကျန်ရှိနေတော့ပြီး သူရဲ့ ဒဏ်ရာ အခြေအနေကြောင့် အယ်လ်ဟီလာအတွက် ပွဲအနည်းငယ်လောက်သာ ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular