နောက်ဆုံး ၃ပွဲဆက် ပွဲထွက်ခွင့် ပြန်ရခဲ့ပြီးနောက် ပထမ ဦးစားပေး ဂိုးသမား နေရာ အတွက် ကီပါ ကို သတိပေးလိုက်တဲ့

ချဲလ်ဆီး အသင်း ရဲ့ ပထမ ဦးစားပေး ဂိုးသမား ကီပါ ဟာ ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ အတွင်း ဆိုးရွားလွန်းတဲ့ လက်စွမ်း တွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တလလုံး အရန်ခုံ မှာ ထိုင်ခဲ့ရကာ ၊ အရန် ဂိုးသမား ဝီလီ ကာဘယ်လာရို ရဲ့ ကျော်တက်ခြင်း ကို ခံခဲ့ရပါတယ် ။

နောက်ပိုင်း မှာ အခွင့်အရေး တွေ ပြန်ရလာခဲ့ပေမယ့် ၊ လက်စွမ်း က ဒုံရင်း က ဒုံရင်း ဖြစ်ခဲ့ပြီး ၊ လီဗာပူး ကို အဝေးကွင်း မှာ ၅ – ၃ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာတော့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ရဲ့ ၎င်းအပေါ် စိတ်ရှည် သည်းခံမှု တွေ ကုန်ဆုံးခဲ့ကာ ၊ ရာသီပိတ် ဝုလ်ဗ် နဲ့ ပွဲမှာ ဝါရင့် ဂိုးသမား ကာဘယ်လာရို ကိုပဲ ပြန်ပြီး ပွဲထုတ်ခဲ့ပါတယ် ။

myan789

အက်ဖ်အေ ဖလား ဗိုလ်လုပွဲ မှာလည်း ကီပါ ဟာ အရန်ခုံ ဆက်ထိုင်ခဲ့ရပြီး ၊ ချဲလ်ဆီး အတွက် ရာသီပိတ် နောက်ဆုံးပွဲ ဖြစ်ခဲ့တဲ့ မနေ့ည က ဘိုင်ယန်မြူးနစ် နဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယ အကျော့ ပွဲမှာပါ ပွဲထွက် စာရင်း ကနေ ချန်လှပ်ခံခဲ့ရပါတယ် ။

နောက်ဆုံး ၃ပွဲဆက် ပွဲထွက်ခွင့် ရခဲ့သလို ၊ ချဲလ်ဆီး အသင်း နဲ့ စာချုပ် သက်တမ်း တနှစ် ထပ်တိုးထားတဲ့ အာဂျင်တိုင်း ဝါရင့် ဂိုးသမား ဝီလီ ကာဘယ်လာရို ရဲ့ အနာဂတ် ဟာ ကီပါ ထက် ပိုလို့တောင် သေချာလာပါတယ် ။

ယခု နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ ချဲလ်ဆီး အသင်း ဟာ ဂိုးသမားသစ် တဦး ကို အဆောတလျင် ရှာဖွေလျက် ရှိပေမယ့် ၊ ကီပါ လို အဖြစ်မျိုး နောက်ထပ် မဖြစ်အောင် ချဲလ်ဆီး အသင်း တာဝန်ရှိသူတွေ သတိထားပြီး ၊ ထိပ်တန်း အဆင့် ဂိုးသမား တဦး ထပ်မံ ခေါ်ယူရမှာ ဖြစ်ပါတယ် ။

ကီပါ ကို လာမယ့် ရာသီ အတွက် အခွင့်အရေး ပြန်ပေးတာမျိုး ဖြစ်လာနိုင်သလို ၊ နောက်ထပ် ဂိုးသမားသစ် တဦးလည်း ရောက်လာနိုင်သေးပေမယ့် ၊ ကာဘယ်လာရို က သူဟာ ချဲလ်ဆီး အသင်းရဲ့ နံပါတ် ၁ ဂိုးသမား အဖြစ် နောက်ရာသီမှာလည်း ဆက်ဖမ်းလိုသေးတယ် လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ် ။

ဘိုင်ယန် နဲ့ ပွဲအပြီး BT Sport နဲ့ အင်တာဗျူး မှာ ကာဘယ်လာရို က ” ကျွန်တော် ဟာ ဒီ ကလပ် နဲ့ နောက်ထပ် တနှစ် သက်တမ်း တိုးထားပြီးသားပါ ။ ချဲလ်ဆီး အသင်း ဂျာစီ ကို ဝတ်ဆင်ပြီး ကစားပေးရတာကို ကျွန်တော် အရမ်း ပျော်ရွှင် ကျေနပ်ရပါတယ် ။ ”

” အခုလို ပွဲထွက် ကစားခွင့်မျိုး ရှေ့ဆက် အလိုရှိပါတယ် ။ အခုဆို ကျွန်တော် ဟာ ဒီ ကလပ် ရဲ့ ပထမ ဦးစားပေး ဂိုးသမား ဖြစ်လာပါပြီ ။ အနာဂတ်မှာ ဘာတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်တာပေါ့ဗျာ ။ ကျွန်တော် ကတော့ ဒီလို ကစားခွင့်မျိုး ထပ်ရဖို့ ဆက်လက် ကြိုးစားနေဦးမှာပါ ။ ”

” ဒီနေ့ပွဲ မတိုင်ခင် ကလည်း နည်းပြကြီး က ကျွန်တော် ဒီလိုပွဲမျိုးတွေ ကစားဖို့ လိုတယ် လို့ ပြောခဲ့ပါတယ် ။ ကျွန်တော် ဟာ ချဲလ်ဆီး အသင်း မှာ ဒုတိယ ဦးစားပေး အဖြစ်ပဲ ရှိနေရတာ များခဲ့ပါတယ် ။ ဒါပေမယ့် လေ့ကျင့်တဲ့ အခါမှာတော့ ပွဲထွက် ဂိုးသမား တယောက် ရဲ့ ခံယူချက်မျိုး နဲ့ လေ့ကျင့်တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

မနေ့ည က ဘိုင်ယန်မြူးနစ် အသင်း နဲ့ ပွဲမှာတော့ ကာဘယ်လာရို ဟာ ပင်နယ်တီဂိုး အပါအဝင် သွင်းဂိုး ၄ဂိုး ခွင့်ပြုခဲ့ရပေမယ့် ၊ သူ့ရဲ့ အမှားထက် ခံစစ် က ပွဲအပေါ် အာရုံစိုက်မှု လုံးဝ ကို မရှိခဲ့တာ က သိသာ ထင်ရှားနေပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး ကာဘယ်လာရို က ” ဒီနေ့ပွဲမှာ အခြေအနေ တချို့ က မထင်မှတ်ပဲ လွဲချော်ခဲ့ပါတယ် ။ ပထမ အကျော့ က ခက်ခဲတဲ့ ရလဒ်နဲ့ ဒီနေ့ပွဲကို ကျွန်တော်တို့ ရောက်လာခဲ့တာပါ ။ ပွဲအစပိုင်းမှာ ပင်နယ်တီ ခွင့်ပြုခဲ့ရပြီး ၊ ဒါက လက်ကျန် ပွဲချိန် တောက်လျှောက် အတွက် အနည်းငယ် ခက်ခဲစေခဲ့ပါတယ် ။ ”

” ကျွန်တော် တို့ဟာ ဒီပွဲမှာ ကစားပုံ အရ ကောင်းကွက် တချို့ ရှိခဲ့ပေမယ့် ၊ ပြိုင်ဖက် အသင်း ဟာ ကျွန်တော် တို့ ပင်နယ်တီ ဧရိယာ အတွင်း ခြိမ်းခြောက်မှု တွေ ပိုများများ လုပ်နိုင်ခဲ့ပါတယ် ။ ဒါကြောင့်မို့ သူတို့ဟာ နောက်တဆင့် ကို တက်ဖို့ အတွက် ထိုက်တန်မှု ရှိပါတယ် ။ ”

” ဒီနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ် မှာ စွမ်းဆောင်ရည်ကောင်း ၊ အဆင့်ကောင်းကောင်း နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ် ။ လာမယ့် ရာသီ အတွက်လည်း ချန်ပီယံလိဂ် ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရဦးမှာ ဖြစ်ပါတယ် ။ ဒါကြောင့် ဒီနေ့ပွဲမှာ ဒီလို ရလဒ်မျိုး ထွက်ခဲ့လို့ နောင်တရစရာ ဘာအကြောင်းမှတော့ မရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular