spot_img

နောက်ခံလူ ဗာရန်းအတွက် ပေါ့ဘာနှင့် တိုက်ရိုက်လဲလှယ်မည့် မန်ယူအသင်း၏ကမ်းလှမ်းမှုကို ရီးယဲလ်အသင်း ငြင်းဆန်

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းနောက်ခံလူ ဗာရန်းအတွက် မန်ယူအသင်းမှ ပေါ့ဘာနှင့် တိုက်ရိုက်လဲလှယ်မည့်ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။

ပေါ့ဘာနှင့် ဗာရန်းသည် သက်ဆိုင်ရာ ကလပ်အသင်းများနှင့် စာချုပ်သက်တမ်း တစ်နှစ်စီသာ ကျန်ရှိသောကြောင့် မန်ယူအသင်းက ယင်းကဲ့သို့ အလဲအလှယ်ပြုလုပ်ရန် စိတ်ဝင်စားခဲ့ခြင်းဖြစ်သည်ဟု Mirror သ တင်းတွင် ဖော်ပြထားသည်။

myan789

ထို့ပြင် မန်ယူ အသင်းသည် ပေါ့ဘာအား အသင်း၌ ဆက်လက်ထိန်းသိမ်းနိုင်ရန် တစ်ပတ်လုပ်ခ ပေါင် ၄ဝဝဝဝဝနှင့် နှစ်ရှည်စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသည်ဟူသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ ပေါ့ဘာသည် လက်ရှိအချိန်တွင် မန်ယူအသင်း၌ တစ်ပတ်ပေါင် သုံးသိန်းရရှိနေသူဖြစ်ပြီး ယခုတစ်ကြိမ်ဆွေးနွေးမှုသာ အဆင်မပြေခဲ့ပါက မန်ယူအသင်းသည် ၎င်းကို လာမည့်ရာသီကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပေး ရတော့မည်ဖြစ်သည်။

ယင်းအတွက် ပေါ့ဘာအား တစ်ပတ်ပေါင် သုံးသိန်း ရရှိနေရာမှ ပေါင် လေးသိန်းအထိ တိုးမြှင့်ပေးမည်ဖြစ်သလို၊ နောက်ထပ်မက်လုံးတစ်ခုအဖြစ် ငါးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားရန်ပါ စီစဉ်နေခြင်းလည်းဖြစ်သည်။

ယင်းအတွက်ကြောင့် ပေါ့ဘာ၏စာချုပ်တန်ဖိုးမှာ အပိုဆုကြေးများ မပါလျှင်ပင် ပေါင် သန်း ၁၀၀ အထိရှိနေမည် ဖြစ်ပြီး ပေါ့ဘာသည် တစ်နှစ်လုပ်ခအနေဖြင့် လည်း ပရီးမီးယားလိဂ်၏လစာငွေအများဆုံး ရရှိသည့် ကစားသမားဖြစ်လာမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular