စပါးနည်းပြ ကွန်တီက မစ်ဒယ်ဘရော့နောက်ခံလူ စပန့်အား ခေါ်ယူခဲ့ခြင်းမှာ မိမိဆုံးဖြတ်ချက်မဟုတ်ဘဲ အသင်းက ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
စပါးအသင်းသည် ယခုနွေတွင် (၆) ဦးမြောက် ခေါ်ယူမှုအဖြစ် မစ်ဒယ်ဘရော့အသင်းမှ အင်္ဂလန်နောက်ခံလူ စပန့် (၂၁ နှစ်)ကို Add-ons ကြေး များအပါအဝင် ပေါင်သန်း (၂၀) ဖြင့် ခေါ်ယူကာ (၅) နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။
ကွန်တီက “စပန့်ကို အသင်းက ခေါ်ယူခဲ့တာပါ။ အသင်းက သူ့ကို ခေါ်ယူချင်ခဲ့တာဖြစ်ပြီး အသက်လည်း ငယ်သေးလို့ သူ့ကိုခေါ်ယူဖို့ ကျွန်တော် ခွင့်ပြုခဲ့တာပါ။ ဒါပေမဲ့ သူက ပိုကောင်းလာနိုင်တဲ့ ကစားသမားဖြစ်ပြီး ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားဖြစ်လာမှာပါ”ဟု ပြောကြားခဲ့သည်။