spot_img

နေမာ၏ ခြေချင်းဝတ်ဒဏ်ရာ စိုးရိမ်ဖွယ်မရှိဘဲ ခွဲစိတ်ကုသရန်လည်း မလိုအပ်

လိုင်ယွန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ပြင်သစ်လီဂူးပွဲစဉ်တွင် ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့သည့် PSG တိုက်စစ်မှူး နေမာသည် ဆေးစစ်ဆေးမှုများအရ ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်း သိရသည်။

နေမာသည် ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် လိုင်ယွန်အသင်းကွင်းလယ်လူ သီယာဂိုမန်ဒက်စ်၏ ကြမ်းတမ်းသည့်ဖျက်ထုတ်မှုကြောင့် ဝဲဘက်ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ထမ်းစင်ဖြင့် သယ်ထုတ်သွားခဲ့ရသည်။

myan789

နေမာသည် ဒဏ်ရာရရှိချိန်တွင် မျက်ရည်ကျသည်အထိ နာကျင်ခံစားခဲ့ရခြင်းကြောင့် စိုးရိမ်ဖွယ်ရှိသည်ဟု ယူဆခဲ့ကြသော်လည်း ယင်းအခြေအနေကို ရှောင်လွှဲနိုင်ခဲ့ကြောင်း PSG အသင်းက တနင်္လာနေ့တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။

နေမာသည် ခြေချင်းဝတ်အရိုး ကျိုးသွားခြင်းမရှိသောကြောင့် ခွဲစိတ်ကုသရန်လည်း လိုအပ်မည်မဟုတ်ဘဲ ရက်သတ္တပတ်အနည်းငယ်သာ အနားယူရမည်ဟု သိရသည်။

ယင်းအခြေအနေအတွက် နေမာက ဘုရားသခင်၏ ကျေးဇူးကြောင့် ဆိုးရွားသည့်ဒဏ်ရာပြဿနာမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

နေမာသည် ယခုရာသီတွင် PSG အသင်းအတွက် ပြိုင်ပွဲစုံ ကိုးဂိုး သွင်းယူပေးထားပြီး ပြီးခဲ့သည့်တစ်ပတ်က ဘာရှက်ဆီဟီအသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် ဟက်ထရစ် သွင်းယူနိုင်ခဲ့သည်။

၎င်းအား ပြစ်ဒဏ်ကျူးလွန်ခဲ့သည့် သီယာဂိုမန်ဒက်စ်မှာလည်း VAR ဖြင့် ပြန်လည်ကြည့်ရှုပြီးနောက် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

PSGအသင်းသည် ယင်းပွဲတွင် လိုင်ယွန်အသင်းအား အိမ်ကွင်း၌ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ပြီး စတုတ္ထမြောက်ရှုံးပွဲကြုံတွေ့ကာ အမှတ်ပေးဇယားတတိယနေရာ ရောက်ရှိသွားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular