အင်္ဂလန်အသင်းသည် ၂၀၂၁ ခုနှစ်၌ နှစ်တစ်နှစ်အတွင်း နိုင်ပွဲအများဆုံးအဖြစ် ၁၅ ပွဲ၊ သွင်း ဂိုးအများဆုံးအဖြစ် ၅၂ ဂိုး၊ Clean Sheet အများဆုံးအဖြစ် ၁၄ ပွဲအထိ ရရှိခဲ့ပြီး လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် စွမ်းဆောင်ရည်အကောင်းဆုံးနှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ကမ္ဘာ့ဖလားခြေစစ်ပွဲ ခုနစ်ကြိမ်ဆက် အောင်မြင်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ဆက်တိုက်ပါဝင်နိုင်မှုအများဆုံးဖြစ်ခဲ့သည်။ ကမ္ဘာ့ဖလား/ယူရိုခြေစစ်ပွဲများတွင် ၃၉ ဂိုးအထိ သွင်းယူနိုင်ခြင်းမှာလည်း အသင်းသမိုင်း၌ ဂိုးအများဆုံးဖြစ်ခဲ့ပြီး ဆန်မာရီနိုအသင်းအား(၁၀-၀) ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲရလဒ်မှာ သမိုင်းကြောင်းတစ်လျှောက် ခြေစစ်ပွဲ ဂိုးအပြတ်ဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့သည်။
ယင်းပွဲတွင် လက်ရွေးစင်အသင်း ပွဲဦးထွက်ခဲ့သည့် စမစ်ရိုးသည် ပေါလ်မာဆင် (၁၉၉၂)နောက်ပိုင်း အင်္ဂလန်အသင်းနှင့် ပွဲဦး ထွက်တွင် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးအာ ဆင်နယ်ကစားသမား ဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း အင်္ဂလန်အသင်းအတွက် ၁၈ ဦး မြောက်ဂိုးသွင်းသူ ဖြစ်လာကာ ဂိုးသွင်းသူဦး ရေအများဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့သည်။
ရမ်းစ်ဒေးလ်၊ ဂယ်လာဂါတို့လည်း ပွဲဦးထွက်ခဲ့သောကြောင့် ဆောက်ဂိတ်လက်ထက် နိုင်ငံအသင်း အတွက် ပွဲထွက်ခွင့်ရသူ ၆၀ ဦးအထိ ရှိလာခဲ့သည်။