spot_img

နိုင်ငံရေးတွင်ဝင်မပါရန် အီဘရာဟီမိုဗစ်၏ဝေဖန်မှုကို လီဘရွန်ဂျိမ်းစ် တုံ့ပြန်

NBA ချန်ပီယံ LA Lakers အသင်း၏ အဓိကကစားသမားဖြစ်သူ လီဘရွန်ဂျိမ်းစ်သည် စီးရီးအေကလပ် အေစီမီလန်အသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်က အားကစားသမားများအနေဖြင့် နိုင်ငံရေးတွင် မပါဝင်သင့်ကြောင်း ဝေဖန်ပြောကြားမှုကို ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။

၀ါရင့်ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ဆွီဒင်ရှိ Discovery+ ရုပ်သံအတွက် အင်တာဗျူးပြုလုပ်စဉ် ”ကျွန်တော်က နိုင်ငံရေးမလုပ်ပါဘူး။ လူတွေက အောင်မြင်ကျော်ကြားလာချိန်မှာ အဲဒီအမှားကို အရင်ဆုံးလုပ်တတ်ကြတယ်။ ဒီထဲကနေ ထွက်လိုက်ပါ။ ကိုယ်အကောင်းဆုံးလုပ်နိုင်တာကိုပဲလုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကြည့်မကောင်းလို့ပါ”ဟု ဝေဖန်ပြောကြားခဲ့သည်။

myan789

သို့ဖြစ်ရာ လီဘရွန်ဂျိမ်းစ်က ”မှားနေတဲ့အရာတွေအတွက် ကျွန်တော့်ပါးစပ်ကို ဘယ်တော့မှပိတ်ထားမှာ မဟုတ်ပါဘူး။ ကျွန်တော်က ကိုယ့်လူမျိုးတွေရဲ့အကြောင်း၊ တန်းတူညီမျှရေးအကြောင်းတွေ ပြောတာပါ။ လူမှုရေးမမျှတမှု၊ လူမျိုးရေးခွဲခြားမှု၊ မဲဆန္ဒ ရှင်တွေကို ဖိနှိပ်မှုစတာတွေက ကျွန်တော်တို့လူမှုအဖွဲ့အစည်းထဲမှာ ဖြစ်ပျက်နေတဲ့အရာတွေပါ”ဟု တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

လီဘရွန်ဂျိမ်းစ်သည် အာဖရိကနွယ်ဖွား အမေရိကန်များအပေါ် ရဲတပ်ဖွဲ့က အကြမ်းဖက်မှု၊ မမျှမတဆက်ဆံမှုများကို ထုတ်ဖော်ဝေဖန်လေ့ရှိသလို ၂၀၂၀ ရွေးကောက်ပွဲတွင် လူမည်းများ မဲပေးခွင့်ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular