အီတလီတွင် ကောင်းကောင်းစတင်နိုင်ခဲ့ပြီးနောက် တိုမီနေးဟာ နာပိုလီရဲ့သမိုင်းကြောင်းမှာ အကောင်းဆုံး ကွင်းလယ်ကစားသမားထဲက တစ်ဦးဖြစ်မယ်လို့ ဖီဖာရဲ့အေးဂျင့်ဖြစ်သူ ခရစ္စတီဘန်ဘော့စ်ကိုလူနီဒီက ပြောကြားလိုက်ပါတယ်။
အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ယူနိုက်တက်ကနေ နာပိုလီသို့ပြောင်းရွှေ့ခဲ့တဲ့ စကော့တလန်နိုင်ငံသားဟာ သောကြာနေ့က ကိုမိုအား ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းသစ်အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ရဲ့အဓိက ကစားသမားအဖြစ် ကစားခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် တိုမီနေးဟာ အီတလီမှာ ကောင်းကောင်းစတင်ထားနိုင်ပြီး ၅ ပွဲကစား ၂ ဂိုးသွင်း ၁ ဂိုးဖန်တီး ပေးထားနိုင်ကာ ပရိသတ်တွေ သဘောကျတဲ့သူ မြန်မြန်ဆန်ဆန်ဖြစ်လာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၈ လ အတွင်း နိုင်ငံနှင့်ကလပ်အတွက် ဂိုးတွေပိုသွင်းခဲ့ပြီး တိုမီနေးက အကောင်းဆုံးအနေအထားမှာ ရှိနေတာဖြစ်ပါတယ်။ တိုမီနေးဟာ နာပိုလီရဲ့အကောင်းဆုံးကစားသမားတွေထဲ တစ်ဦးတောင်ဖြစ်သွားနိုင်ပါတယ်လို့ လူနီဒီက ပြောကြားလိုက်ပါတယ်၊
CalcioNapoli24 သို့ သူက “မတူညီတဲ့ DNA ရှိမယ်ဆိုရင်တောင် မင်းက အနိုင်ရရှိသူ ဖြစ်နိုင်ပါတယ်။ နာပိုလီက တိကျသေချာတဲ့အသင်းပါ”
“တိုမီနေးအနေနဲ့ အီတလီမှာ သက်သေပြရအုံးမှာဖြစ်ပြီး နာပိုလီရဲ့သမိုင်းမှာ အကောင်းဆုံးကွင်းလယ် ကစားသမားတစ်ဦးဖြစ်လာဖို့ အလားအလာရှိနေပါတယ်” လို့ ပြောထားပါတယ်။ ပြီးခဲ့တဲ့နှစ်များအတွင်း အာဂျင်တီးနားဂန္တဝင် မာရာဒိုနာအပါအဝင် အသင်းမှာ နာမည်ကြီးကစားသမားတွေရှိခဲ့တာဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် စီးရီးအေဖလားကို ၂၀၂၂-၂၃ ရာသီတွင် ရရှိခဲ့သော်လည်း ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၁၀ ဖြင့်သာ ရာသီပိတ်နိုင်ခဲ့ပါတယ်။ ကွန်တီရဲ့ဦးဆောင်မှုအောက်တွင် နာပိုလီဟာ ပထမဆုံး ၇ ပွဲတွင် ၅ ပွဲ အနိုင်ရရှိပြီးနောက် ရမှတ် ၁၆ မှတ်ဖြင့် အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းမှာ ရပ်တည်နေပါတယ်။ နိုင်ငံတကာအားလပ်ရပ်အပြီး အောက်တိုဘာ ၂၀ ရက်မှာတော့ နာပိုလီဟာ အမ်ပိုလီနဲ့ ကစားရမှာဖြစ်ပါတယ်။