နာပိုလီအသင်းနှင့် လမ်းခွဲတော့မည်ဟု သတင်းများထွက်ပေါ်နေသည့် နည်းပြစပယ်လက်တီက လက်ရှိအသင်းတွင် ပျော်ရွှင်နေပြီး အသင်ဥက္ကဋ္ဌ ဒီလော်ရန်းတစ်နှင့်လည်း ဆက်ဆံရေးကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိရာသီတွင် နာပိုလီအသင်းသည် စီးရီးအေချန်ပီယံဆုကို မျှော်လင့်နိုင်သည့် အခြေအနေမျိုးပိုင် ဆိုင်ထားသော်လည်း စပယ်လက်တီက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိလျှင်ပင် ကျေနပ်ရမည်ဖြစ်ကြောင်း ဝန်ခံခဲ့သေးသည်။
စပယ်လက်တီက “”ဥက္ကဋ္ဌ ဒီလော်ရန်းတစ်က စိတ်အားထက်သန်လွန်းသူပါ။ ကျွန်တော်တို့အားလုံးနဲ့ ပြောဆိုဆက်ဆံတတ်သူဖြစ်ပြီး လက်ရှိအသင်းအစုအဖွဲ့ဟာ သိပ်ပြီးစည်းလုံးတယ်ဆိုတာ သူ နားလည်ထားပါတယ်။ ကျွန်တော်တို့က အနာဂတ် အကြောင်းမတွေးထားဘဲ ပရော်ဖက်ရှင်နယ်ပီသစွာ ရှေ့ဆက်နေပါတယ်။ ဥက္ကဋ္ဌကလည်း ကျွန်တော်တို့ လိုအပ်တာ ကူညီပေးနေပါတယ်။ ကျွန်တော်က ဒီအသင်းမှာ စာချုပ်သက်တမ်း (၁)နှစ်ကျန်နေသေးသလို ဒီအသင်းနဲ့ နေပယ်မြို့မှာ ပျော်ရွှင်စွာဆက်နေသွားမှာပါ။ အဲဒီအတွက် ဘာပြဿနာမှ မရှိပါဘူး” ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ဆာဆူအိုလိုနှင့်ပွဲ၌ နာပိုလီသည် (၆-၁)ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပထမပိုင်းပွဲချိန် (၂၁)မိနစ်အတွင်း (၄)ဂိုးသွင်းယူနိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ်၊ မေလ (၃၁)ရက် တွင် ကစားသည့် ချီယေဗိုနှင့်ပွဲ၌လည်း ယခုကဲ့သို့ မှတ်တမ်းမျိုး နာပိုလီပိုင်ဆိုင်ခဲ့သည်။