စပါးအသင်း၏နည်းပြ ကွန်တီက ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်စ်မန်းနှင့် အမှုဆောင်ချုပ် အိုလီဗာခန်းတို့အနေဖြင့် စပါးတိုက်စစ်မှူး ဟာရီကိန်းအကြောင်း ပြောကြားခဲ့ခြင်းမှာ မိမိတို့အသင်းအပေါ် မလေးစားသည့် အပြုအမူ ဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းထံ ရောင်းထုတ်ခဲ့ရသည့်အတွက် ပြန်လည်အစားထိုးရန် တိုက်စစ်မှူးအသစ် ရှာဖွေနေရာ စပါးတိုက်စစ်မှူး ဟာရီကိန်းကို စိတ်ဝင်စားနေကြောင်း သတင်းထွက်ခဲ့ပြီးနောက် နာဂယ်စ်မန်းနှင့် အိုလီဗာခန်းတို့က မီဒီယာများနှင့် တွေ့ဆုံရာတွင် ဟာရီကိန်းကို ချီးကျူးမှုများ ပြုလုပ်ခဲ့ကြသည်။
နာဂယ်စ်မန်းက ဟာရီကိန်း၏ တန်ဖိုးကြီးမားမှုမှာ ပြဿနာဖြစ်နေသော်လည်း အလွန်ကောင်းသည့်က စားသမားဖြစ်သည်ဟု ဆိုခဲ့သလို၊ အိုလီဗာခန်းကလည်း အနာဂတ်အတွက် အိပ်မက်ကစားသမားဖြစ်သည်ဟု ဆိုခဲ့သည်။ ယင်းအတွက် ကွန်တီက “သူ တို့ပြောတာတွေ ကျွန်တော် မကြားပါဘူး။ ကျွန်တော်ကတော့ တခြားအသင်းက ကစားသမားအကြောင်း မပြောတတ်တဲ့ နည်းပြပါ။ အဲဒီလိုပြောရင် တခြားအသင်းကို မလေးစားရာကျတယ်လို့ ထင်ပါတယ်” ဟု ဆိုခဲ့သည်။